Seabiscuit(2003) IMDb....7.3,,,,Rotten....77% "ဆွဲထား...ထိန်းထား..." ဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ လူလေးယောက်လောက် မြင်းတစ်ကောင်ကို ဝရုန်းသုန်းကား လိုက်ထိန်းနေရတယ်... အားလုံး ဝိုင်းပြီး ထိန်းလိုက်နိုင်ချိန်မှာတော့ မြင်းပိုင်ရှင်ဖြစ်ပုံရတဲ့ လူတစ်ယောက်က စကားတစ်ခွန်းပြောတယ်.... "...သတ်လိုက်တော့..." တဲ့ ခြေတစ်ဖက်မှာ မဆိုသလောက်လေး ထိခိုက်ပြီး အရိုးအက်သွားတဲ့ မြင်းတစ်ကောင်ဟာ ပြိုင်မြင်းအဖြစ် ဆက်ပြိုင်ဖို့ မဖြစ်နိုင်သ လောက်ပါပဲ...အဲ့တာကြောင့်လည်း "သတ်လိုက်တော့" ဆိုတဲ့ စကား ခပ်လွယ်လွယ်ထွက်လာခဲ့တာပါ... ဒါပေမဲ့လည်း မြင်းတွေကိုချစ်မြတ်နိုးသူ မြင်းဝါသနာရှင်တစ်ယောက်က အဲ့ဒီအချိန်မှာပဲ အဲ့မြင်းကို ဖြတ်ဝယ်ခဲ့ပါတယ်... မြင်းလေးရဲ့ နာမည်ကတော့ Seabiscuit ပါ... ဒီမြင်းလေးဟာ ဝယ်ပြီးတဲ့အချိန်မှာ တခြားမြင်းတွေနဲ့ မတူတဲ့ အရည်အချင်းတွေကို သွားတွေ့မိတယ်.... အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.... ဒီဇာတ်ကားဟာ 1930-40 အတောအတွင်း နာမည်ကြီးခဲ့တဲ့ Seabiscuit ဆိုတဲ့ မြင်းလေးအကြောင် းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်...IMDbရော Rottenရော အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ အပြင် နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်နေလေတော့ မကောင်းမှာတော့ ပူမနေနဲ့ဗျို့.... အေးဆေးကြည့်လို့ရမယ့် အချိန်လေးမှာ ဒီကားကိုကြည့်စေချင်တယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.... File Size : (1 GB) and (418 MB) Quality : Blu-Ray 720p Format…mp4 Duration…02:20:00 Genre : Drama, History, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
ဇာတ်ကားကြည့်ရန်