Ice Cream Man (2026) ++++++++++ ဒီဇာတ်ကားကတော့ Horror, Comedy နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Eli Roth က ဖန်တီးရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်တွေအဖြစ် Ari Millen, Charlie Zeltzer, Sarah Abbott နဲ့ Benjamin Byron Davis တို့ ပါဝင်ထားကြပါတယ်။ ဒါ့အပြင် နာမည်ကျော် ရပ်ပါ အဆိုတော် Snoop Dogg ကလည်း ဇာတ်ဝင်တေးဂီတတွေ ဖန်တီးပေးထားပါသေးတယ်။ ဇာတ်လမ်းကတော့ Bayleen Bay လို့ခေါ်တဲ့ အေးချမ်းတဲ့ ဆင်ခြေဖုံးမြို့လေး တစ်မြို့ဆီကို ရေခဲမုန့်ရောင်းတဲ့သူ တစ်ယောက် ရောက်လာရာကနေ စတင်ပါတယ်။ အဲဒီ ရေခဲမုန့်သည်က ကလေးတွေကို ချိုမြိန်တဲ့ ရေခဲမုန့်တွေ လိုက်ကျွေးရာကနေ ရေခဲမုန့် စားမိတဲ့ ကလေးတွေအားလုံး သွေးဆာနေတဲ့ လူသတ်ကောင်တွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။ မြို့လေးထဲက ကလေးတွေက လူကြီးတွေကို လိုက်လံ သတ်ဖြတ်တာတွေ၊ ကြောက်မက်ဖွယ် ပြကွက်တွေကိုရော အသက်လု ထွက်ပြေးရတဲ့ အခြေအနေတွေကိုရော ရင်တမမ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ Eli Roth ရဲ့ ထုံးစံအတိုင်း သွေးထွက်သံယို အကြမ်းပတမ်း ပြကွက်တွေကို (Gore-fest) အသားပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သွေးထွက်သံယို သရဲကားတွေကို သီးသန့် သဘောကျတဲ့ ပရိသတ်တွေအတွက်ပဲ ပိုပြီး သင့်တော်မယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။ File Size… (1.91GB) / (1.07GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 26m Genre …Horror, Comedy, and Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်