California Schemin' (2026) IMDb Rating (7.0) / Rotten Tomatoes (96%) ဒီဇာတ်ကားလေးကတော့ စကော့တလန်သား ဘော်ဒါနှစ်ယောက် တေးသံသွင်းကုမ္မဏီတစ်ခုမှာ အမေရိကန်လူမျိုးတွေလို အယောင်ဆောင်ပြီး ရက်ပါဘဝကို ဝင်တိုးမဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂါဗင်နဲ့ ဘီလီဆိုတဲ့ စကော့တလန်က လူငယ်ဘော်ဒါနှစ်ယောက်ဟာ ဟစ်ဟော့ပ်တွေ ရက်ပ်တွေ လွမ်းမိုးနေရာယူထားတဲ့ ၂၀၀၀ အစောပိုင်းကာလတွေမှာ ရက်ပါဖြစ်ချင်လွန်းလို့ ကိုယ်တိုင် စာသားတွေစပ် သီချင်းမူကြမ်းတွေသွင်းပြီး တေးသံသွင်းကုမ္မဏီတွေက လက်ခံလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်ကို ရူးသွပ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့ရဲ့ စကော့တလန် လေယူလေသိမ်းကြောင့် ဘယ်တေးသံသွင်းကုမ္မဏီကမှ အရေးတယူ အဖက်မလုပ်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ဂါဗင်က စိတ်ချဉ်ပေါက်ပေါက်နဲ့ အမေရိကန်လေယူလေသိမ်းနဲ့ တေးသံသွင်းကုမ္မဏီကို ဖုန်းဆက်ကြည့်လိုက်တဲ့အခါမှာ သီချင်းမူကြမ်းတွေပါ ပို့ပေးခွင့်ရပြီး အစည်းအဝေးပါ ချိန်းလာခဲ့ပါတယ်။ ဒီလိုကနေ သူတို့ဟာ အမေရိကန်လူမျိုးတွေလို ဟန်ဆောင်တာက အလုပ်ဖြစ်ကြောင်း သိသွားတဲ့အတွက် လေယူလေသိမ်းတွေကိုပါ ပြောင်းပြီး သူတို့ရဲ့ ဂီတဘဝကို အတုအယောင်ကနေ စတင်လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဘယ်လိုများဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.5 GB) / (760 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Comedy, Drama, History, Music Duration…. 01:48:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်