ဇာတ်ကားများ ရွေးရန်

Ghost Stories

2018ဇာတ်ကားအမှတ် 6.5/1098 မိနစ်

သရဲပုံပြင်လေးတွေနားထောင်လိုက်ရအောင်ဗျာ။ Andy Nyman အဓိကပါဝင်သရုပ်ဆောင်ထားပြီး Martin Freeman လည်းအားဖြည့်ထားပါတယ်။ IMDB Rating 6.7 နဲ့ Rotten tomatoes 82% ရရှိထားတဲ့ Horror,Drama ကားလေးပါ။ ကြောက်စရာလည်းကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ကိုယ့်ဘဝအတွက်ကိုယ် အပြန်အပြန်အလှန်လှန် မေးခွန်းထုတ်စရာ မေးခွန်းတွေလည်းအများကြီးပါပါတယ်။ ကိုယ်ဘာတွေလိုချင်တာလဲ။ ဘာတွေဖြစ်ချင်တာလဲ။ ဘာတွေလုပ်နေတာလဲ။ ထိုက်တန်ရဲ့လား။ ဘယ်နေရာတွေကပုန်းကွယ် ထွက်ပြေးနေမိလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးခွန်းတွေထုတ်ချင်လာမှာသေချာပါတယ်။ အဓိပါ္ပယ်ရှိသလို Horror ကားပီပီသသကြောက်ရလန့်ရအောင် တင်ဆက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သဘာဝလွန်ဖြစ်ရပ်အတုတွေကိုဖော်ထုတ်နေတဲ့ Professor Goodman တစ်ယောက်သူရဲ့ Idol တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာထူးဆန်းစွာပျောက်သွားတဲ့ Professor Cameron ဆီက အဆက်အသွယ်ရပြီး သဘာဝလွန်ဖြစ်ရပ် ၃ခုကို အတုလားအစစ်လားဆိုတာ ဖော်ထုတ်ရင်း နောက်ဆုံးမှာ သဘာဝလွန်ဖြစ်ရပ်တွေက အစစ်အမှန်တွေလား အတုတွေလားဆိုတာ ကြည့်ရမှာပါ။ နောက်ဆုံးပိုင်းမှာ မမျှော်လင့်ထားတဲ့ပုံစံနဲ့ ထူးထူးဆန်းဆန်းဇာတ်သိမ်းထားတာကိုလည်းတွေ့ရမှာပါ။ ဒီကားမှာ ကြောက်ရမှာတွေ တွေးရမှာတွေအများကြီးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (750 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 38min Format : Mp4 Genre : Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB-DL DD5.1 H264-CMRG Translated by d3mon Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း