Sullivan's Crossing (2023) Season 04 (Complete) IMDb Rating (7.2) New York Times သတင်းစာမှာ ဖော်ပြခဲ့ပြီး best seller စာရင်းဝင်ခဲ့တဲ့ စာရေးဆရာမ Robyn Carr ရဲ့ဝတ္ထုငါးပုဒ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်မသွင်းခင်မှာလည်း Audio bookတွေ ထွက်ရှိခဲ့ပြီး ပရိတ်သတ်အားပေးမှု များစွာရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မက်ဂီဆူလီဗန်ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဘော်စတွန်ဆေးပညာအသိုင်းအဝိုင်းရဲ့ အအောင်မြင်ဆုံး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာခွဲစိတ်ဆရာဝန်တစ်ဦးပါ။ သူမရဲ့ အောင်မြင်မှုအထွဋ်အထိပ်ကိုရောက်နေချိန်မှာပဲ ရုတ်တရက် ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်ဇာတိမြို့လေးကို ပြန်ရောက်လာခဲ့တယ်။ ဖခင်ရှိရာမြို့လေးမှာနေနေရင်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို အရင်က သူကုသပေးခဲ့တဲ့ လူနာတစ်ယောက်က ရုတ်တရက်ဆုံးပါးသွားပြီး လိုင်စင်ပိတ်သိမ်းပေးဖို့ တရားစွဲဆိုခံရတဲ့ထိ ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ လိုင်စင်မပိတ်သိမ်းခံရဖို့ တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးမှာပဲ မထင်မရှားဘဝနဲ့နေသွားရမယ် ဆိုတဲ့ အခြေအနေတစ်ခု ဖြစ်လာတဲ့အခါ.. သူ့ရဲ့အောင်မြင်တဲ့ဘဝဆီ ပြန်သွားပြီး အဖြစ်မှန်တွေနဲ့ ရင်ဆိုင်မလား၊ ငယ်ဘဝရဲ့ ဒဏ်ရာတွေကို ကုစားဖို့ နယ်မြို့လေးမှာပဲဆက်နေမလား ဆိုတဲ့ မတူညီတဲ့ဘဝနှစ်ခုကြား အားပြိုင်လွန်ဆွဲမှုတွေကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးထားပါတယ်) File size…(800 MB) / (400 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….00:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. SWM & Benjamin Translated by Nway Oo K Zaw, May Thet Khine Soe, Fiona Gillen, EL, June, Thwal Htoo Zin
ဇာတ်ကားကြည့်ရန်