အမ်မာနဲ့ ဒင်းဆိုတဲ့အထက်တန်းကျောင်းသူလေးနဲ့ကျောင်းသားလေးနှစ်ယောက်ဟာ အတန်းကလိုက်ပို့တဲ့ခရီးစဉ်တစ်ခုမှာကံဆိုးမိုးမှောင်ကျတဲ့သူနှစ်ယောက်ပဲဖြစ်ပါတယ် အရမ်းကိုတော်ပြီးတော့ ကျောင်းရဲ့အပျိုစင်ကြယ်ပွင့်လေး အမ်မာနဲ့ ကျောင်းမှာဆို ဘယ်သူနဲ့အဆက်အဆံမရှိတဲ့ဒင်းတို့ဟာ ကျောင်းသားတွေခိုးပြီးတော့ကဲကြတဲ့သဘောၤပေါ်ကပါတီကနေ ပင်လယ်ထဲကိုပြုတ်အကျပြီးမှာတော့ သူတို့တွေနိုးထလာတဲ့အချိန်မှာ ကမ်းမမြင်လမ်းမမြင်အနေအထားကိုရောက်ရှိနေပါပြီ။ အရာရာကိုပြီးပြည့်စုံတဲ့စီစဉ်ထားတတ်တဲ့အမ်မာအတွက်ကတော့ ကျွန်းပေါ်မှာဘာမှမရှိပဲနေရထိုင်ရတာတော်တော်လေးကိုစိတ်ညစ်စရာကောင်းပေမယ့် သဘာဝကိုတန်ဖိုးထားပြီးတော့အေးဆေးနေတတ်တဲ့ဒင်းအတွက်ကတော့ ပျော်စရာခရီးစဉ်တစ်ခုဖြစ်လို့နေပါတယ်။ ကျွန်းပေါ်မှာနေထိုင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်အားကိုးနေထိုင်ရင်းနဲ့ပဲ အမ်မာနဲ့ဒင်းတို့ကြားမှာရင်းနှီးမှုထက်ကျော်လွန်တဲ့စိတ်တွေပိုလာခဲ့ပါတော့တယ် ဒီတော့ အမ်မာနဲ့ဒင်းနဲ့သူတို့ဘဝတစ်လျှောက်လုံးကိုကျွန်းပေါ်မှာပဲနေထိုင်ရင်းနဲ့ကုန်ဆုံးသွားမလား ကယ်တင်မဲ့သူတွေပဲရောက်ရှိလာနိုင်မလား သူတို့မြို့ကိုပြန်ရောက်သွားရင်တောင် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကဘယ်လိုတွေဆက်ဖြစ်လာနိင်မလဲဆိုတာ ကြည့်ရှုလို့ကောင်းတဲ့ဇတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဘာသာပြန်ပေးထားတာတော့Aye Chansuဖြစ်ပြီးsithuကencodeပေးထားပါတယ်
ဇာတ်ကားကြည့်ရန်