Just Go with It
ပလတ်စတစ်ဆာဂျရီပညာရှင် ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ ဇနီးလောင်းက သူ့မကောင်းကြောင်း ပြောနေတာကို ကြားလိုက်ရပြီး မင်္ဂလာပွဲပျက်ခဲ့သူပါ။ အဲဒီအဖြစ်ကြောင့် စိတ်ဒဏ်ရာရခဲ့ပေမယ့် လက်ထပ်လက်စွပ်ကိုတော့ မစွန့်ပစ်ခဲ့ဘူး။ နောက်ပိုင်းမှာ အဲဒီလက်စွပ်ကိုပြပြီး မိန်းမရဲ့နှိပ်စက်မှု ခံနေရသူလို ဟန်ဆောင်ကာ ကောင်မလေးတွေဆီက သနားစိတ်ကို ရယူနေတော့တယ်။ တစ်နေ့ သူတကယ်သဘောကျတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့လာပေမယ့် လက်စွပ်အကြောင်းကို အမှန်အတိုင်း မပြောချင်တဲ့အခါ နောက်ထပ်အလိမ်အညာတွေ ဆင်ရပြန်ပါတယ်။ ဒီတစ်ခါတော့ သူ့လက်ထောက်နဲ့ လက်ထောက်ရဲ့သားသမီးတွေကိုပါ ကူလိမ်ပေးဖို့ ဆွဲထည့်လိုက်တယ်။ အဲဒီသားအမိတွေကလည်း အခွင့်အရေးရတုန်း ဝင်မွှေကြတော့ ဒန်နီရဲ့ပြဿနာတွေ ပိုကြီးလာပါတယ်။ သူသဘောကျတဲ့ ကောင်မလေးနဲ့ အဆင်ပြေမလား၊ အလိမ်အညာတွေပဲ ပေါ်သွားမလားဆိုတာ ဆက်တွေ့ရမှာပါ။ ၂၀၁၁ ခုနှစ်ထွက် အချစ်ဟာသဇာတ်ကားဖြစ်ပြီး Adam Sandler၊ Jennifer Aniston နဲ့ Brooklyn Decker တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း