The Curse (2026) "သေဆုံးပြီးသားသူရဲ့အကောင့်ကနေ တက်လာတဲ့ ဗီဒီယိုတွေနဲ့ ဆိုရှယ်ပေါ်က အတားအဆီးမဲ့ အမှောင်ကျိန်စာ" အမှန်အကန် Horror ကားတွေကြိုက်တဲ့ J Horror ပရိသတ်တွေအတွက် နာမည်ကြီး ဒါရိုက်တာ Kenichi Ugana ရဲ့ တုန်လှုပ်ချောက်ချားစရာ အငွေ့အသက်အပြည့်နဲ့ ကြည့်ရှုရမဲ့ သရဲကားအသစ်စက်စက်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မြို့ပေါ်က အလှပြင်ဆိုင်တစ်ဆိုင်မှာ ဧည့်ကြိုလုပ်ရင်းနဲ့ သူငယ်ချင်းဖြစ်သူ အာအိရိနဲ့အတူ တိုက်ခန်းတစ်ခုမှာ အတူတူနေထိုင်နေတဲ့ ရီကိုဆိုတဲ့ ကောင်မလေးတစ်ယောက်....... တစ်နေ့မှာတော့ ရီကိုဟာ ထိုင်ဝမ်မှာရှိတဲ့ သူ့သူငယ်ချင်းရှူဖန်ရဲ့ ဆိုရှယ်က အကောင့်မှာ ထူးဆန်းပြီး နားလည်ရခက်တဲ့ ဗီဒီယိုတွေကို ဆက်တိုက်တင်နေတာကို သတိထားလိုက်မိပါတယ်။ သူငယ်ချင်းဖြစ်သူကို စိတ်ပူသွားတဲ့ ရီကိုတစ်ယောက် ရှူဖန်ဆီကို ဆက်သွယ်ဖို့ကြိုးစားပေမဲ့ အဆက်အသွယ်မရတာကြောင့် ထိုင်ဝမ်မှာရှိနေတဲ့ ရည်းစားဟောင်းဖြစ်သူ ဂျာဟိုကို မေးမြန်းကြည့်လိုက်တဲ့အခါမှာ ရှူဖန်ဟာ လွန်ခဲ့တဲ့ ၆လကတည်းက သေဆုံးသွားမှန်း သိလိုက်ရပါတော့တယ်။ ဒါပေမဲ့ သေဆုံးပြီးသားသူရဲ့ အကောင့်ကနေ သွေးပျက်စရာဗီဒီယိုတွေ စာတွေ ဆက်လက်တင်နေပြီး မကြာခင်မှာပဲ အာအိရိဟာလည်း ရက်စက်စွာ သေဆုံးသွားခဲ့ပြန်တယ်။ အဖြေမှန်သိရဖို့အတွက် ရီကိုတစ်ယောက် ရည်းစားဟောင်း ဂျာဟိုနဲ့အတူ လိုက်လံစုံစမ်းတဲ့နောက်မှာတော့ ........ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ်လိုကျိန်စာဆိုးတွေ ရှိနေမလဲ..... သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ရက်စက်စွာသေဆုံးသွားတဲ့ အကြောင်းအရင်းကိုရော ရီကို အဖြေရှာနိုင်သွားမလားဆိုတာကိုတော့ ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.67GB / 797MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 34 min. Genre ….. Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်