ဇာတ်ကားများ ရွေးရန်

Incomplete Chairs

2025ဇာတ်ကားအမှတ် 6.3/1085 မိနစ်

Incomplete Chairs (2025) စိတ္တဇ လက်သမားဆရာ နှင့် လူသားကုလားထိုင် The Silence of the Lambs , The Texas Chain Saw တို့လို စိတ္တဇဆန်ဆန် Cannibal ကားတွေကြိုက်တဲ့လူတွေ အကြိုက်တွေ့စေမယ့် ဂျပန် Horror ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းကတော့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ဘဲ စိတ္တဇဆန်တဲ့ စိတ်ဝေဒနာ ခံစားနေရသူ ပရိဘောဂ လက်သမားဆရာတစ်ဦး အကြောင်းကနေ စတင်ထားတာပါ။ သူ့မှာ ဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်နဲ့ စွဲလမ်းမှု တစ်ခုပဲ ရှိပါတယ်။ အဲ့ဒါကတော့ ကမ္ဘာပေါ်မှာ အပြည့်ဝဆုံးနဲ့ အလှပဆုံး "ပြီးပြည့်စုံသော ကုလားထိုင်" (Perfect Chair) တစ်လုံးကို ကိုယ်တိုင် ဖန်တီးပြုလုပ်ဖို့ပါပဲ။ ဒါပေမဲ့ ဒီလို ပြီးပြည့်စုံတဲ့ ကုလားထိုင် ရရှိဖို့အတွက် သူ့ရဲ့ စွဲလမ်းမှုဟာ အတားအဆီးမရှိ ရူးသွပ်လာခဲ့ပြီး... သာမန် သစ်သားတွေကို အသုံးမပြုတော့ဘဲ သွေးပျက်ဖွယ်ရာ လူသားအစိတ်အပိုင်းတွေကို အသုံးပြုပြီး ကုလားထိုင် ဖန်တီးဖို့ ကြိုးစားပြီး လူတွေတစ်ယောက်ချင်းစီ ဖမ်းဆီးသ-တ်ဖြတ်ပါတော့တယ်။ American Psycho လိုမျိုး လူ့အသိုင်းအဝိုင်းရဲ့ ကုလားထိုင်စွဲလမ်းမှုတွေကို ဟာသနှောကာ သရော်ထားရင်း... ဒီစိတ္တဇ လက်သမားဆရာရဲ့ သွေးစွန်းလှတဲ့ ကုလားထိုင် ဖန်တီးမှုကြီး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို ကြောက်မက်ဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း