Rise of the Footsoldier 4: Marbella (2019) IMDb Rating (5.6) / Rotten Tomatoes (30%) Rise of the Footsoldier ၆ကားထွက်ထားတဲ့ထဲက ၄ကားမြောက်ကားပါ။ တတိယကားလိုပဲ ပက်တိတ်ရဲ့ ဇာတ်လမ်းကိုပဲ အဓိကအခြေခံထားတယ်။ ပက်တိတ်က အကြမ်းဆုံးအရမ်းဆုံးကောင်ဖြစ်သလို လူကြိုက်လည်းအများဆုံးပဲထင်ပါတယ်။ ဖြစ်ရပ်မှန်မူရင်း၂ကားကိုဖယ်ရင် ၅ကားမြောက်မှာတော့ တိုနီတက်ကာအကြောင်းရိုက်ပြထားပေမဲ့ ၆ကားမြောက်မှာတော့ ပက်တိတ်ကိုပဲ ပြန်ရိုက်ပြထားပါတယ်။ ဆိုတော့ ၆ကားမှာ ပက်တိတ်ကိုဦးတည်ထားတဲ့ဇာတ်လမ်းချည်း ၃ကားရှိတယ်။ ပထမဆုံးကားကို မကြည့်ရသေးလို့ ဘာကားမှန်းမသိဘူးဆိုရင်တော့ Rise of the Footsoldierကားတွေဟာ မူးယစ်ရာဇာတွေ ဂန်းစတားတွေရဲ့ လောကအကြောင်း ဖြစ်ရပ်မှန်တွေကို အခြေတည်ပြီး ရိုက်ပြထားတဲ့ ဇာတ်တွေပါ။ ကြမ်းတယ် ရမ်းတယ်။ မဖွယ်မရာတွေပါတယ်။ ဒီလေးကားမြောက်မှာတော့ အက်ဆက်ကနေ ထွက်ပြေးသွားပြီးတဲ့နောက် စပိန်မှာ ပက်တိတ်ကြုံခဲ့ရတဲ့ တိုက်ပွဲတွေ အခြေအနေတွေကိုပြထားတယ်။ ၃ကားမြောက်မှာလည်းပြပေမဲ့ ဒီလောက်မစုံပါဘူး။ ဒီ၄ကားမြောက်မှာ ထပ်ဖြည့်ပေးလိုက်တယ် ပြောရမယ်။ ထူးတာက မူရင်းပထမကားမှာတော့ ပက်တိတ်ဟာ ထင်ရာစိုင်းတဲ့ လူကြမ်းလူရမ်းသက်သက်ပဲလို့ ပြနေပေမဲ့ တတိယကားမှာတော့ ပက်တိတ်ထင်ရာစိုင်းတာတွေဟာ အကြောင်းရင်းရှိကြောင်းပြခဲ့ပါတယ်။ ဒီစတုတ္ထကားမှာတော့ ပတ်တိတ်ကို သူရဲကောင်းဆန်ဆန်တောင် ပြနေပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (2.2 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime Duration…. 01:25:20 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်