ဇာတ်ကားများ ရွေးရန်

The Dead Zone

1983ဇာတ်ကားအမှတ် 7.0/10103 မိနစ်

ကျောင်းဆရာ ဂျွန်နီစမစ်ဟာ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ငါးနှစ်ကြာ ကိုမာဝင်သွားပါတယ်။ ပြန်သတိရလာတဲ့အခါမှာတော့ လူတစ်ယောက်ကို ထိလိုက်ရုံနဲ့ အဲဒီလူရဲ့အနာဂတ်ကို မြင်နိုင်တဲ့အစွမ်း သူ့မှာ ရှိလာတာကို သိလိုက်ရတယ်။ အစပိုင်းမှာ ကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်နေပေမယ့် နောက်တော့ ဒီအစွမ်းနဲ့ လူတွေကို ကူညီပေးလာပါတယ်။ တစ်နေ့မှာ ရွေးကောက်ပွဲဝင်နေတဲ့ အမတ် ဂရက်ဂ်စတေးလ်ဆန်နဲ့ လက်ဆွဲနှုတ်ဆက်မိသွားတယ်။ အဲဒီနောက် ဂျွန်နီ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတဲ့နေရာကနေ ဇာတ်လမ်း ဆက်သွားပါတယ်။ ဒီဇာတ်ကားက ၁၉၇၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Stephen King ရဲ့ The Dead Zone ကို အခြေခံရိုက်ကူးထားတာပါ။ ဂျွန်နီစမစ်အဖြစ် အော်စကာဆုရှင် Christopher Walken၊ သူ့ရည်းစားအဖြစ် Brooke Adams နဲ့ အမတ် ဂရက်ဂ်စတေးလ်ဆန်အဖြစ် Martin Sheen တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း