ဒီအက်ရှင်ဟာသကားမှာ ကယ်ဗင်ဟာ့ထ်က သူ့နာမည်နဲ့ပဲ ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲက ကယ်ဗင်ဟာ ဒဝိန်း သရော့ ဂျွန်ဆန်နဲ့အတူ အက်ရှင်မင်းသားရဲ့ တွဲဖက်ဟာသဇာတ်ကောင်အဖြစ် ကားတွေ အများကြီး ရိုက်လာရတာကို စိတ်ပျက်နေပြီ။ သူက ဟာသလုပ်ရတဲ့သူအဖြစ်ပဲ ဆက်မနေချင်တော့ဘဲ အက်ရှင်မင်းသားတစ်ယောက်အဖြစ် တကယ်သရုပ်ဆောင်ချင်နေတာပါ။ ဒါပေမဲ့ သူ့ဆန္ဒကို ဘယ်သူမှ အလေးအနက်မထားကြဘူး။ အဲဒီအချိန်မှာ အက်ရှင်ဒါရိုက်တာ ကလောက်ဗန်ဒဗဲဒီက သူ့ကို ဇာတ်ကားတစ်ကားမှာ မင်းသားလုပ်ဖို့ ကမ်းလှမ်းလာပါတယ်။ သို့ပေမဲ့ အဲဒီအခွင့်အရေးရဖို့ အက်ရှင်သင်တန်းတစ်ခုကို အောင်အောင်မြင်မြင် တက်ပြီးရမယ်ဆိုတဲ့ စည်းကမ်းပါလာတယ်။ ဒါရိုက်တာပြောပုံအရ အဲဒီကျောင်းက စတားလုံး၊ ဂျေဆန်စတေသန်၊ ဂျက်ကီချန်းနဲ့ ဂဲဂဒေါ့တို့လို သရုပ်ဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ကျောင်းပါ။ ကယ်ဗင် အဲဒီလျှို့ဝှက်အက်ရှင်ကျောင်းကို ရောက်သွားတဲ့အခါ ဘယ်လိုအလွဲတွေ ကြုံရမလဲ။ Nathalie Joanne Emmanuel လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်