New Episode (10) Season (1) Complete Widow's Bay ကတော့ Apple TV+ ကနေ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ အသစ်စတင်ထုတ်လွှင့်လိုက်တဲ့ ဟာသနဲ့ ထိတ်လန့်စရာ (Comedy-horror) ကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတွဲအသစ်လေးပါ။ ဒီဇာတ်လမ်းတွဲကို စာရေးဆရာမ မစ္စ Katie Dippold က ဖန်တီးရေးသားထားပြီး နာမည်ကြီး ဒါရိုက်တာ Hiro Murai က ရိုက်ကူးပေးထားပါတယ်။ အပိုင်း (၁၀) ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအစမှာ နယူးအင်္ဂလန် ကမ်းရိုးတန်းနားက ကျွန်းလေးတစ်ခုပေါ်မှာရှိတဲ့ Widow's Bay ဆိုတဲ့ မြို့လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီ မြို့လေးဟာ Wi-Fi လည်း မရသလို ဖုန်းလိုင်းကလည်း ပေါ်လိုက်ပျောက်လိုက်ပါပဲ။ မြို့ခံတွေကလည်း သူတို့ကျွန်းမှာ ကျိန်စာသင့်နေတယ်ဆိုပြီး အတော်လေး အယူသည်းကြတယ်။ မြို့တော်ဝန် Tom Loftis (မင်းသား Matthew Rhys) ကတော့ တဖြည်းဖြည်း ချို့တဲ့လာတဲ့ ဒီမြို့လေးကို ပြန်လည်စည်ကားလာအောင်နဲ့ သူ့ရဲ့ ဆယ်ကျော်သက်သားလေး အနာဂတ်အတွက်ပါ ရည်ရွယ်ပြီး ဒီကျွန်းကို ကမ္ဘာလှည့်ခရီးသည်တွေ လာတဲ့နေရာဖြစ်အောင် အတင်းကြိုးစားပါတော့တယ်။ မြို့ခံတွေက ကျွန်းပေါ်က သရဲတစ္ဆေပုံပြင်တွေ၊ ဒဏ္ဍာရီတွေနဲ့ ခြောက်လှန့်နေပေမယ့် မြို့တော်ဝန်ကတော့ အဲဒါ တွေကို အဓိပ္ပာယ်မရှိဘူး လို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ခရီးသည်တွေ စလာတဲ့အချိန်မှာပဲ ဒေသခံတွေပြောတာ မှန်နေမှန်း သူသိလိုက်ရတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး ငြိမ်သက်နေခဲ့တဲ့ ကျွန်းလေးမှာ ဟိုးအရင်တည်းက ပြောကြဆိုကြတဲ့ ကြောက်စရာ အဖြစ်အပျက်တွေက တကယ်ကြီး ပြန်ဖြစ်လာပါတော့တယ်။ မြို့တော်ဝန်ကြီးတစ်ယောက် သူ့မြို့လေးကို ကယ်တင်ဖို့ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို ဆက်ကြည့်ရမယ့် ကားလေးပါ။ဘာလို့ကြည့်သင့်လဲဒီဇာတ်ကားလေးက ခြောက်ခြားစရာကောင်းတဲ့ မြို့လေးတစ်မြို့ရဲ့ အခြေအနေကို ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးလေး တင်ဆက်ထားတာပါ။ ဇာတ်လမ်းသွားက နာမည်ကြီး စာရေးဆရာ Stephen King ရဲ့ ဝတ္ထုတိုတွေ ဖတ်ရသလို ခံစားချက်မျိုးပေးစွမ်းနိုင်ပြီး ကြောက်စရာကောင်းတဲ့ အခြေအနေတွေကြားထဲကနေ ရယ်ရတဲ့အခန်းလေးတွေပါ ထည့်ထားတာမို့ လုံးဝ မပျင်းရပါဘူး။ သရဲကားလည်း ကြိုက်တယ်၊ ရယ်လည်း ရယ်ချင်တယ်ဆိုရင်တော့ ဒါရော တခြား ဇာတ်လမ်းတွဲကောင်းကောင်း ရှာနေတဲ့သူတွေရော လက်မလွတ်တမ်း ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Matthew Rhys, Kate O'Flynn, Kevin Carroll, နဲ့ Stephen Root တို့က ပါဝင်အားဖြည့်ထားကြပါတယ်။ သရုပ်ဆောင်တွေရဲ့ အိုက်တင်တွေကလည်း အပီအပြင်ဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုမို့ အခုပဲ စကြည့်လိုက်တော့နော်။
ဇာတ်ကားကြည့်ရန်