Rango
Rango ဆိုတဲ့ ပုတ်သင်လေးဟာ သူရဲကောင်းဖြစ်ချင်တဲ့ စိတ်ကူးယဉ်သမားတစ်ကောင်ပါ။ သူရဲကောင်းတစ်ယောက်လို မင်းသမီးလေးကို ကယ်တင်ရဖို့က သူ့ရဲ့အကြီးမားဆုံး မျှော်လင့်ချက်ပေါ့။ တစ်နေ့မှာတော့ မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုကြောင့် သဲကန္တာရထဲ သောင်တင်သွားပြီး ရေပြတ်လပ်နေတဲ့ မြို့ငယ်လေးတစ်မြို့ကို ရောက်လာတယ်။ တကယ်တမ်း အစွမ်းအစမရှိသေးပေမယ့် အပြောကောင်းတဲ့ Rango ဟာ မြို့ခံတွေ အထင်ကြီးယုံကြည်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ မြို့ကို ဒုက္ခပေးနေတဲ့ ငှက်ကြီးကိုလည်း အလွဲလွဲအချော်ချော်နဲ့ ရှင်းပစ်နိုင်သွားတော့ မြို့ခံတွေက သူ့ကို ပိုပြီး အထင်ကြီးလာကြတယ်။ သူတို့မြို့ရဲ့ဒုက္ခတွေကို ဖြေရှင်းပေးနိုင်မယ့် သူရဲကောင်းအဖြစ်ပါ အားကိုးလာကြတော့တာပါ။ ဒီလိုနဲ့ Rango ဟာ လိုချင်ခဲ့တဲ့ သူရဲကောင်းအမည်ကို ရလာပေမယ့် အဲဒီနာမည်နဲ့ထိုက်တန်အောင် ကြိုးစားရာမှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု ကြုံလာရတယ်။ သူရဲကောင်းဟန်ဆောင်နေမှန်း မြို့ခံတွေ သိသွားရင် ဘယ်လိုဖြစ်မလဲ၊ သူကိုယ်တိုင်ကရော သူရဲကောင်းဆိုတဲ့ အဓိပ္ပာယ်ကို နားလည်လာနိုင်မလားဆိုတာ သူ့ရှေ့မှာ ရှိနေပါတယ်။
ဇာတ်လမ်းအကြောင်း