No Ordinary Heist (2026) ဒီဇာတ်ကားလေးမှာတော့ ဘဏ်ဓားပြတွေက ဘဏ်ထဲကို ခြေတစ်ဖဝါးမှ ချစရာမလိုဘဲ ဓားပြတိုက်သွားတဲ့ ဘဏ်ဓားပြမှုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဗြိတိန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရစ်ချတ် မာရေးဟာ နော့သမ်ဘဏ်မှာ ဘဏ်မန်နေဂျာအဖြစ် တာဝန်ယူလုပ်ကိုင်နေတာဖြစ်ပြီး ခရစ္စမတ်ပိတ်ရက် သိပ်မလိုတော့တဲ့အချိန်မှာ ဝန်ထမ်းတွေကို ဘောနပ်စ်ပေးရမဲ့အစား အထက်လူကြီးက အလုပ်ထုတ်ဖို့ လူစာရင်းလုပ်ခိုင်းတဲ့အတွက် ခေါင်းကိုက်နေရသူပါ။ တစ်ဖက်မှာ ဘယ်ရီကတော့ ဘဏ်မှာ လုပ်သက်သာကြာပေမဲ့ ဘာမှမဖြစ်မြောက်လာတဲ့ အောက်ခြေဝန်ထမ်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဘယ်ရီဟာ ဘားတစ်ခုမှာ ဘဏ်အကြောင်းကို အာချောင်မိရာကနေ ဂိုဏ်းအဖွဲ့တစ်ခုက ကြားသွားပြီး ရစ်ချတ်နဲ့ ဘယ်ရီဟာ အဲဒီဂိုဏ်းရဲ့ ဘဏ်ဓားပြတိုက်မဲ့အစီအစဉ်မှာ နယ်ရုပ်ကလေးတွေ ဖြစ်သွားခဲ့ရပါတယ်။ ဒီတော့ သူတို့နှစ်ယောက်သား ဘဏ်ဓားပြမှုမှာ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.1 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 01:40:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်