ဒီဇာတ်လမ်းကတော့ အရာမဝင်တဲ့ လူတစ်ယောက်ရဲ့ အရာဝင်ချင်တဲ့ ဇာတ်လမ်းလေးလို့ ဆိုရမယ်။ မိသားစုထဲမှာ မိဘဦးစားပေးခြင်း မခံရတဲ့ မိဘရဲ့ fav child ဖြစ်ခွင့်မရတဲ့ နောက်လူတစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့။ ဝီလစ်ဆိုတဲ့ အမျိုးသားဟာ ငယ်စဉ်ကတိုင် ကွန်ဖူးသိပ်တော်တဲ့ သူ့ရဲ့ အစ်ကိုကို အားကျခဲ့ရတယ်။ သူ့ရဲ့ အစ်ကိုလို လူတိုင်းအထင်ကြီးတဲ့ ကောင်လေးတစ်ယောက် ဖြစ်ဖို့ဟာ သူ့အိပ်မက်ပဲ။ ဒါပေမဲ့ တချို့သောသူတွေအတွက် အိပ်မက်ဆိုတာ အိပ်မက်အဆင့်ကနေ တက်မလာပါဘူး။ ဒီအုပ်စုမှာ ဝီလစ်လည်း ပါသည်ပေါ့။ တိုက်ရည်ခိုက်ရည်အပြည့်နဲ့ သူရဲကောင်းကြီး ဖြစ်ဖို့ မွေးဖွားလာပေမဲ့ ကံအကြောင်းမလှစွာ ရွှေနန်းတော်ဆိုတဲ့ ဦးလေးဖြစ်သူရဲ့ တရုတ်တန်းက စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်နေရပါတယ်။ ဝီလစ်ဟာ သိပ်ကို တိုက်ချင်ခိုက်ချင်တယ်။ စုံထောက်တွေလို အမှုတွေ လိုက်ချင်တယ်။ တစ်နေ့တော့ သူတို့ဆိုင် နောက်ဖေးလမ်းကြားထဲမှာ အမျိုးသမီးတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတယ်။ ဝီလစ်ဟာ ဒါကို တပ်အပ်မြင်လိုက်တဲ့ မျက်မြင်သက်သေဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဇာတ်လိုက်ကျော်ကြီး ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ဟာ အကောင်အထည်ပေါ်ဖို့ လမ်းစလေး ပွင့်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင် ဝီလစ်အဖြစ် အားလုံးနဲ့ မစိမ်းတဲ့ Stand-up Comedian နဲ့ သရုပ်ဆောင်ဖြစ်သူ Jimmy O.Yang က ပါဝင်သရုပ်ဆောင်ထားပါတယ် File size…(455MB)/(225 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Comedy, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Act Molemy
ဇာတ်ကားကြည့်ရန်