Wait For Me To Be Successful Later (2026) IMDb Rating (7.7) လတ်တလောမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အာဂါဆိုတဲ့ လူငယ်လေးအတွက် ဘ၀မှာ အမုန်းဆုံးအချိန်တွေကတော့ ပျော်စရာကောင်းလှပါတယ်ဆိုတဲ့ ပွဲတော်ရက်တွေပါပဲ။ အဲ့ဒီလိုရက်တွေမှာ အမျိုးတွေအကုန်ဆုံစည်းကြပြီး အလုပ်မရှိ အောင်မြင်မှုမရှိသေးတဲ့အာဂါဟာ အဒေါ်တွေ ညီအစ်ကိုဝမ်းကွဲတွေရဲ့ လှောင်ပြောင်ကဲ့ရဲ့မှုတွေကို ခါးခါးသီးသီးခံယူရလေ့ရှိပါတယ်။ ဒါ့အပြင် သူတို့မိသားစုဟာဆွေမျိုးတွေထဲမှာ အဆင်းရဲဆုံးဖြစ်လေတော့ ပွဲတော်ချိန် အမျိုးတွေရယ်မောစကားပြောနေချိန်တွေမှာ သူ့အမေက မီးဖိုထဲကမထွက်ရသလို အဖေဖြစ်သူကလည်း ကျန်တဲ့ ညီအစ်ကိုမောင်နှမတွေခိုင်းသမျှ လုပ်ပေးရလေ့ရှိတတ်ပါတယ်။ ဒါတွေအားလုံးဟာ သူ့ရင်ထဲမှာ ဆူးတစ်ချောင်းလိုအမြစ်တွယ်နေခဲ့ပြီး မိသားစုရဲ့ကျဆင်းနေတဲ့ စီးပွားရေးနဲ့ဂုဏ်သိက္ခာကိုပြန်ပြီးမြှင့်တင်ပေးဖို့ အမျိုးတွေရဲ့ ပြစ်တင်စကား ခွဲခြားဆက်ဆံမှုတွေကို ရပ်တန့်သွားအောင်လုပ်ဖို့က သူ့ရဲ့နံပါတ်တစ်ဦးစားပေးဖြစ်လာခဲ့ပြီးအောင်မြင်မှုရဖို့အစွမ်းကုန် ကြိုးစားရုန်းကန်ပါတော့တယ်။ အာရှမိသားစု အများစုမှာကြုံတွေ့ရလေ့ရှိတဲ့ ပွဲတော်ရက် အမျိုးတွေဆုံကြတဲ့အခါအချင်းချင်း နှိုင်းယှဉ်ကဲ့ရဲ့တတ်ကြတဲ့ အစဉ်အလာတစ်ခုကိုမီးမောင်းထိုးပြထားပြီး ဆွေမျိုးတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေကိုကြည်နူးစရာ၊ ကြေကွဲစရာတွေနဲ့ ပီပီပြင်ပြင်ပုံဖော်ထားတဲ့ မိသားစုဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.8 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:50:9 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်