The Fisher King (1991) ဟာသမင်းသားကြီး Robin Williams ရဲ့ဂန္ထဝင်မြောက် ဒရာမာကားတွေထဲက တစ်ခုဖြစ်ပြီး အော်စကာစကာတင်တွေရခဲ့တဲ့အပြင် ဒါရိုက်တာ Terry Gilliam ရဲ့ ထုံးစံအတိုင်း စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်းတွေ၊ နယူးယောက်မြို့ကြီးကို ဒဏ္ဍာရီဆန်ဆန် ပုံဖော်ထားတာတွေက အရမ်းကို ထူးခြားပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကြီး ရေဒီယို DJ တစ်ဦးဖြစ်တဲ့ Jack Lucas (Jeff Bridges) အကြောင်းပါ။ သူဟာ ရေဒီယိုကနေ မဆင်မခြင် ပြောဆိုလိုက်တဲ့ စကားတစ်ခွန်းကြောင့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ နောင်တတွေနဲ့အတူ ဘဝပျက်ပြီး စိတ်ဓာတ်ကျနေသူပါ။ တစ်ညမှာတော့ Jack ဟာ ရန်မူခံနေရတဲ့ အချိန်မှာ ထူးဆန်းတဲ့ အိမ်ခြေမဲ့ အမျိုးသား Parry (Robin Williams) က သူ့ကို လာရောက်ကယ်တင်ခဲ့ပါတယ်။ ထူးခြားတာက Parry ဟာ Jack ရဲ့ အတိတ်က အမှားကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားခဲ့ရတဲ့ တကယ့်သားကောင် အစစ်အမှန် ဖြစ်နေတာပါ။ Parry ဟာ သူ့ကိုယ်သူ အာသာဘုရင်ရဲ့ သူရဲကောင်းတစ်ယောက်လို့ ထင်မှတ်နေပြီး "Holy Grail" (မြင့်မြတ်သော ခွက်) ကို လိုက်ရှာနေသူပါ။ Jack ဟာ သူ့ရဲ့ အပြစ်တွေကို ဆေးကြောဖို့အတွက် Parry ရဲ့ အိပ်မက်တွေကို ကူညီပေးရင်းနဲ့ သူတို့နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့ ခင်မင်မှုတွေ၊ ကုစားမှုတွေ စတင်လာခဲ့တဲ့ Comedy-Drama ဇာတ်ကားကောင်း ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်