Tales From The Dark 2 ဟာ ၂၀၁၃ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဟောင်ကောင်Horror လောကရဲ့ နာမည်ကြီး Anthology ဇာတ်ကားပဲဖြစ်ပါတယ်။ နာမည်ကျော်ဝတ္ထုဆရာမ Lilian Leeရဲ့ ဝတ္ထုတိုတွေကိုအခြေခံထားပြီး Tales From The Dark 1 တုန်းကလိုပဲ ဇာတ်လမ်းတို(၃)ပုဒ်နဲ့ဖွဲ့စည်းထားတာပါ။ (၃)ပုဒ်စလုံးက ပုံစံမတူ တစ်မျိုးစီကြောက်စရာကောင်းပြီးတော့ စိတ်ခြောက်ခြားစရာတွေအပြင် သွေးရဲရဲသံရဲရဲဇာတ်ကွက်တွေပါပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၁)ခေါင်းအုံးနတ်ဆိုး...... ချစ်သူနဲ့စကားများရန်ဖြစ်ပြီးနောက်မှာ ချစ်သူဖြစ်သူပျောက်သွားတဲ့မိန်းကလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ သူမဟာအိပ်မပျော်တဲ့ရောဂါကိုကုစားဖို့အတွက် တရုတ်ရိုးရာဆေးခေါင်းအုံးတစ်လုံးကိုဝယ်လာခဲ့ပါတယ်။ အဲဒီခေါင်းအုံးကိုအသုံးပြုပြီးနောက်မှာတော့ သူမဟာအိပ်မက်ထဲမှာ ချစ်သူနဲ့ပြန်တွေ့ပြီးသာယာနေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့အဲဒီခေါင်းအုံးနောက်ကွယ်က ကြောက်မက်စရာလျှို့ဝှက်ချက်တွေနဲ့ အတိတ်ကသူ့ရဲ့အမှားတွေပေါ်လာချိန်မှာတော့......ဒီတစ်ပုဒ်မှာ ချစ်တင်းနှောခန်းတွေ ပါဝင်တဲ့အတွက် လူကြီးသူမတွေနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ (၂) ပုန်းတမ်းကစားနည်း...... ကျောင်းသားတစ်စုက သူတို့ငယ်ငယ်ကတက်ခဲ့တဲ့ ပိတ်သွားပြီဖြစ်တဲ့ ကျောင်းအိုကြီးကိုသွားပြီးလည်ပတ်ခဲ့ပါတယ်။ ကျောင်းအိုကြီးက သူတို့ကညဘက်ကြီးပုန်းတမ်းကစားမိရာကနေ ကျောင်းတော်ကြီးမှာရှိတဲ့ဝိညာဉ်တွေကိုနှိုးဆွမိသလိုဖြစ်သွားခဲ့ပါတယ်။ တစ်ယောက်ပြီးတစ်ယောက်ထူးထူးဆန်းဆန်းပျောက်ဆုံးသွားပြီးတော့ ကျောင်းစည်းကမ်းတွေ ချိုးဖောက်မိတာကြောင့် ဝိညာဉ်တွေအပြစ်ပေးတာခံရတဲ့ပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ (၃) ထီးမည်း...... တစ္ဆေပွဲညမှာ ဟောင်ကောင်မြို့ရဲ့ချမ်းစိမ့်တဲ့လမ်းကြားတွေရဲ့အဆုံးကနေ ဖြူဖက်ဖြူရော် ကိုယ်ကိုင်းကိုင်းနဲ့ အဘိုးကြီး လင်း ထွက်လာပါတယ်။ သူကထီးအမည်းတစ်ချောင်းကို ကိုင်ထားပြီး ပျက်ပြားနေတဲ့ဒီခေတ်မှာ လူသားတွေကိုကုသိုလ်ပြုဖို့ဆန္ဒရှိသူဖြစ်ပါတယ်။ သူ့ရဲ့ကောင်းမှုပြုတဲ့ခရီးစဉ်က လမ်းဘေးပြည့်တန်ဆာမလေးနဲ့တွေ့တဲ့အခါမှာတော့ လုံးဝကိုပြောင်းလဲသွားခဲ့ပါတော့တယ်။ လူသားတစ်ယောက်ရဲ့ ကျေးဇူးကန်းမှု လောဘနဲ့ယုတ်မာမှုတွေက အဘိုးကြီးလင်းရဲ့ သည်းခံမှုကိုအဆုံးစွန်ထိ စမ်းသပ်လာတဲ့အချိန်မှာတော့ အမှောင်ထုကြီးက လောကကြီးကိုလွှမ်းမိုးသွားပါတော့တယ်။ Filesize : 877 MB / 500 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Horror Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်