Better Off Dead (2025) IMDb Rating (7.7) ဂေမာဆိုတာပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းမှု သူ့ရဲ့အူကြောင်တောင်နိုင်မှုတွေကြောင့် ငယ်စဉ်ကတည်းကလက်ရှိအချိန်ထိ သူငယ်ချင်းအပေါင်းအသင်းမရှိခဲ့သလို၊ သူ့ရဲ့မိဘနှစ်ဦးကလည်း ကွဲကွာနေကြပြီး သူ့အပေါ်ဘယ်သူကမှအရေးမစိုက်ကြပါဘူး။ ဒါပေမယ့် သူ့ဖခင်ကွယ်လွန်ချိန်မှာတော့ သူ့အပေါ်တစ်ရုံးလုံးက ဂရုစိုက်အလေးထားလာကြပြီးဂေမာဟာ တစ်ခါမှမကြုံဖူးတဲ့ နွေးထွေးမှုတွေကိုခံစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဖခင်ဆုံးပါးသွားတဲ့ သူတစ်ယောက်ကိုဂရုဏာသက်စာနာမှုပေးတဲ့ ဂရုစိုက်မှုတွေသာဖြစ်တာကြောင့် မကြာခင်မှာပဲ အရင်အတိုင်းပြန်ပြီးအေးစက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တဒင်္ဂရခဲ့တဲ့ နွေးထွေးမှုတွေကိုစွဲလန်းသွားတဲ့ ဂေမာဟာ အားလုံးရဲ့ဂရုစိုက်မှုတွေပြန်ပြီးရရှိစေဖို့အကြံဉာဏ်တွေထုတ်ပါတော့တယ်။ သူ့အပေါ်လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဂရုစိုက်မှုတွေ ရရှိစေဖို့အတွက် ဘယ်လိုနည်းနဲ့ဆိုရင်ဖြစ်နိုင်မလဲ? မရိုးသားတဲ့အကြံစည်တစ်ခုကနေ သူရလာမယ့် ဂရုစိုက်အလေးထားမှုတွေကရော တည်မြဲနိုင်မလား? ဆက်လက်ရှုစားကြပါ။ Tinggal Meninggal ဟာစိတ်ကူးကောင်းကောင်း၊ သဘာ၀ကျကျနဲ့တင်ဆက်ထားတဲ့၊ ခွီလည်းခွီနေရသလိုတွေးစရာတွေလည်းတစ်ပြိုင်တည်းပေးနိုင်တဲ့ Dark Comedy ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေအများအပြားမှာပြသခဲ့ရပြီး ဆုတွေအလီလီဆွတ်ခူးနိုင်ခဲ့သလို JAFF Indonesian Screen Awards မှာလည်း အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆုနဲ့မင်းသားဆုအပါအဝင်အဓိကဆုကြီးငါးခုကိုရရှိခဲ့ပါသေးတယ်။ File size… (1.8 GB) / (860 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 02:00:28 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်