Johnny Keep Walking ရဲ့ဒုတိယကားဖြစ်ပါတယ်။ ပထမကားကိုလဲ တင်ဆက်ပေးပီးသားဖြစ်ပါတယ် . အရင်ကားလိုပဲ ရုံးလုပ်ငန်းခွင်ယဉ်ကျေးမှုနောက်ကွယ်က အမှောင်ဘက်အခြမ်းကို ဟာသတွေနဲ့ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသွားမှာပဲဖြစ်ပါတယ်။ Johnnyကအောင်မြင်သွားပေမယ့် သူ့ရဲ့တွဲဖက် Magicကတော့ ဒီဇာတ်ကားမှာအထက်လူကြီးရဲ့အငြှိုးထားတာကိုခံရပြီး နယ်ကရုံးခွဲကိုရာထူးချပြီးအပို့ခံလိုက်ရာကစပါတယ်။ Magic ဟာ ကြိုးစားသလောက် လုပ်ကွက်တွေကို အထက်လူကြီးတွေခိုးယူတာခံလိုက်ရပြီး ရာထူးတိုးခွင့်လွဲနေတဲ့ အလုပ်ကြိုးစားတဲ့ ဝန်ထမ်း Ben နဲ့တွေ့ဆုံခဲ့ရတယ်။ ဒီကံဆိုးမိုးမှောင်ကျနေတဲ့ ဝန်ထမ်းနှစ်ယောက်ဟာ ရေစက်အကြောင်းမလှပဲ ဖက်ထုပ်ဆိုင်လေးမှာ အမှတ်မထင်ပဲ ဆုံတွေ့ခဲ့ကြတာပါ။ အဲဒီမှာတင် ကံကြမ္မာကြီးဟာ သူတို့၂ယောက်ကို အတိုင်းအဆမဲ့ အချိန်ကွင်းဆက်ထဲကို ပို့ပေးလိုက်ပါတယ်။ ဒါဟာအလုပ်မအောင်မြင်သမျှအချိန်တွေ နောက်ပြန်ဆုတ်သွားပြီး မူလစတင်ရာဖြစ်တဲ့ဖက်ထုပ်ဆိုင်လေးကို ပြန်ရောက်သွားတဲ့ Time Loop ကြီးပဲဖြစ်ပါတယ်။ "ဖားယားတဲ့သူတွေ ငါ့နေရာကိုယူသွားတာလား ...... ပြန်စမယ်" "ငါ့ကိုမတရား အနိုင်ကျင့်တာလား..... ပြန်စမယ်" အချိန်ကွင်းဆက်ကိုအသုံးချရင်း မကျေနပ်တဲ့အထက်လူကြီးတွေကို လက်စားချေရင်း ရုံးခန်းတစ်ခုလုံးကိုဗရမ်းဗတာဖြစ်အောင် နည်းမျိုးစုံနဲ့မွှေနှောက်ကြပါတော့တယ်။ သို့သော်လည်း စည်းမဲ့ကမ်းမဲ့အချိန်ပြန်စနေတဲ့ တိုက်ပွဲကြီးက တကယ်ရောနိဂုံးနဲ့ အဖြေမှန်ရှိရဲ့လား...... Filesize : 1.80 GB / 0.99 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy and Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်