အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး အဖော်အချွတ်တွေ ဘ၀သင်ခန်းစာတွေ ကြမ်းတမ်းတဲ့ ဘ၀တွေအကြောင်းကို တစ်ပုံကြီးတွေ့ရမဲ့ အသက်မပြည့်သေး သူများမကြည့်သင့်တဲ့ Series ကောင်းလေးတစ်ခုကိုတင်ဆက် ပေးလိုက်ပါတယ်။Series ရဲ့နာမည်ကတော့ Beauty In Black ဖြစ်ပြီး လက်ရှိ IMDb Rating 5.0 အထိရရှိထားပါတယ်။ လူဖြူလူမည်းခွဲခြားမှုဆိုတာ ဟိုးအရင်ဘိုးဘေးဘီဘင်ခေတ် ကတည်းက အခုထက်ထိကိုမဆုံးနိုင်သေးသလို အနာဂတ်မှာလည်း ပြီးဆုံးဦးမဲ့ပြဿနာမဟုတ်ပါဘူး။အထူးသဖြင့်ဖိနှိပ်ခံရတာတော့ လူမည်းတွေပါပဲ။အမေရိကန်မှာလူမည်းဆိုရင် အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အမြဲတမ်းအနှိမ်ခံဘ၀မှာရှင်သန်နေရတာများတဲ့ အတွက် အဲ့ဒီအကြောင်းတွေကိုအရင်းပြုပြီး လူမည်းအမျိုးသမီး တစ်ယောက်ရဲ့ဘ၀အကြောင်းကိုစိတ်ဝင်စားစရာကောင်းအောင် ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကင်မီဆိုတဲ့လူမည်းအမျိုးသမီးက အသက် ၁၈ နှစ်ပြည့်ခါနီးမှာတင် အမေဖြစ်သူကစွန့်ပစ်သွားတာကိုခံခဲ့ရတဲ့အတွက် ဘာလုပ်ရမှန်း မသိလမ်းပျောက်နေခဲ့ပြီး လမ်းပေါ်မှာတင်သူနဲ့ဘ၀တူ ရိန်းဆိုတဲ့ ကောင်မလေးနဲ့တွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ဘ၀ကြမ်းတဲ့သူတို့ နှစ်ယောက် ပိုက်ဆံရှာဖို့တွေ့သမျှအကုန်လုပ်ရင်း လေဆိပ်မှာ မူးယစ်ဆေးရောင်းတာမိသွားလို့ သူတို့ကိုကယ်ပေးထားတဲ့ ဂျူးစ်ဆိုတဲ့အဖော်အချွတ်ကလပ်ပိုင်ရှင်လက်အောက်မှာ အလုပ် လုပ်ရင်း အဖော်အချွတ်မယ်တွေဖြစ်လာခဲ့ကြပါတော့တယ်။ ရိန်းကတော့ဘ၀ကိုအဖော်အချွတ်မယ်ပဲလုပ်ပြီး ဒီအတိုင်းရေစုန် မျောသွားချင်ပေမဲ့ ကင်မီကတော့ဒီဘ၀ကနေရုန်းထွက်ချင်သူ တစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် ကိုယ်ရဲ့ အိပ်မက်တွေကိုပြည့်၀အောင်ကြိုးစားရင်းနဲ့ တွေ့ကြုံလာရမဲ့ အခက်အခဲတွေ ကူရာကယ်ရာမဲ့တဲ့ဘ၀တွေနဲ့ လူမည်းအမျိုးသမီး တစ်ယောက်အနေနဲ့ ရိုးရိုးသားသားကြိုးစားပြီးအောင်မြင်ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာနိုင်ပါ့မလားဆိုတဲ့ရသမျိုးစုံကို ရှုစားရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File Size – 647 MB Quality –WEB-DL 1080p HEVC Episodes - 8 Eps Duration - 50 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Drama Translator – Saw Lay , Wil & Austin Encoder – Min Wai
ဇာတ်ကားကြည့်ရန်