★ 6.3
ဇာတ်ကား / 2022Blacklight
လီယံနယ်ဆန် သရုပ်ဆောင်ထားတဲ့ ထရက်ဗစ် ဘလော့ခ်ဟာ ဗီယက်နမ်စစ်ပြန်တစ်ယောက်ပါ။ အက်ဖ်ဘီအိုင်အတွက် တရားဝင်စာရင်းမဝင်တဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ပေးနေပြီး အချိန်ကြာကြာ အသွင်ယူတာဝန်ထမ်းဆောင်နေရတဲ့ အေးဂျင့်တွေကို ကူညီကယ်ထုတ်ပေးရတဲ့ တာဝန်ယူထားပါတယ်။ တစ်နေ့မှာတော့ အသွင်ယူအေးဂျင့်တစ်ယောက်က အရေးကြီးသတင်းတစ်ခု ဖွင့်ချဖို့ သတင်းထောက်တစ်ယောက်ကို ဆက်သွယ်လာတယ်။ အထက်က အဲဒီအေးဂျင့်ကို ဖမ်းဖို့ အမိန့်ပေးတာကြောင့် ထရက်ဗစ် လိုက်ဖမ်းရပေမဲ့ သူလိုက်နေစဉ်မှာပဲ အေးဂျင့်ဟာ အမည်မသိလူတွေရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပါတယ်။ မသေခင် အေးဂျင့်က ထရက်ဗစ်နဲ့ သတင်းထောက်မလေးကို လျှို့ဝှက်ချက်တချို့ ပြောသွားခဲ့တယ်။ အဲဒီသတင်းတစ်စွန်းတစ်စကြောင့် ထရက်ဗစ်ဟာ အက်ဖ်ဘီအိုင်ညွှန်ချုပ်နဲ့ ရန်သူဖြစ်လာပါတော့တယ်။
ဇာတ်ကားကြည့်ရန်