The Haunting of Hill House (2018) IMDB : 8.5 Rotten Tomatoes : 93% Genre : Horror Modern Horror တွေမှာ သတ်မှတ်ချက်တစ်ခုရှိတယ်။ သတ်မှတ်ချက်မဟုတ်တောင် သတ်မှတ်ချက်လိုမျိုးဖြစ်နေတဲ့ဟာပေါ့လေ။ အဲဒါကတော့ “တိတ်ဆိတ်နေတဲ့ အခန်းထောင့်လေးတွေပါမယ်၊ ရုတ်တရတ်အသံကျယ်ကြီးတွေထွက်လာမယ်၊ အကောင်လိုက်ကြီးတွေ ဘွားကနဲပေါ်လာမယ်၊ Jumpscare တွေ တပြွတ်ကြီးထည့်ပြီး ပရိသတ် ရင်ခုန်သံကို မြန်အောင်လုပ်မယ်” အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ Horror လောကမှာ Mike Flanagan ဆိုတဲ့ ဒါရိုက်တာတစ်ယောက်ရှိတယ်။ The Haunting of Hill House ကတော့ သူ့ရဲ့ Limited Series တွေထဲကတစ်ခုပေါ့လေ။ The Haunting of Hill House ဆိုတော့ မြန်မာလိုဆို “ဟေးလ်စံအိမ်” ကြီးအကြောင်းရိုက်ထားတာပေါ့လေ။ ဒီဇာတ်လမ်းတွဲအကြောင်းတင်ထားတဲ့ YouTube Video တစ်ခုအောက်မှာ “ဘာလို့လူတွေက ဒီဇာတ်လမ်းတွဲကို Horror ဆိုပြီးပြောနေကြတာလဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တဲ့ ဇာတ်လမ်းတွဲဟ” ဆိုပြီး ပြောထားတာလေးတောင် တွေ့လိုက်သေးတယ်။ ဒီဇာတ်လမ်းတွဲက ကြည့်တဲ့လူကို ဝမ်းနည်းအောင်လုပ်မယ့် Horror ဇာတ်လမ်းတွဲပါပဲ။ ဇာတ်ညွှန်း “ဟေးဟ်စံအိမ်” ဆိုတာ အဖက်ဖက်က ယိုယွင်းပျက်စီး နေတဲ့ ရဲတိုက်လိုမျိုး အိမ်ကြီးတစ်အိမ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအိမ်ကြီးကို ပြန်လည်ပြင်ဆင်ပြီး အလှဆင်မယ် ပြီးတော့ ရောင်းစားမယ်ဆိုတဲ့အကြံနဲ့ ခရိန်းမောင်နှံက သားသမီး ၅ ယောက်နဲ့အတူတူ ဟေးလ်စံအိမ် ဆီကိုပြောင်းလာခဲ့ပါတယ်။ ဟေးလ်စံအိမ်မှာ သူတို့နေလိုက်ရတာ ၁၉၉၂ ရဲ့ နွေရာသီရဲ့ တစ်စိတ်တပိုင်း ခဏတာကာလလေးပါပဲ။ ဒါပေမဲ့ သူတို့မောင်နှမ ၅ ယောက်ရလိုက်တဲ့ စိတ်ဒဏ်ရာကတော့ တစ်သက်လုံးပါသွားခဲ့ပါတယ်။ ဆယ်စုနှစ်တွေကြာပြီးတဲ့နောက်မှာ မောင်နှမ ၅ ယောက်ဟာ တစ်ယောက်ခြင်း ကွဲကြေခြင်း တစ်ခုခြင်းစီကို ရင်မှာပိုက်ပြီး လောကကြီးကို ရင်ဆိုင်နေရပါပြီ။ အကုန်လုံးမှာ ကွဲကြေတဲ့အတိတ်၊ မသေချာတဲ့ အနာဂတ်၊ ဝေဝါးနေတဲ့ ခြေလှမ်းတွေနဲ့ ပစ္စုန်ပန်ကာလမှာ အသက်မပါတဲ့ တစ္ဆေတွေလိုမျိုး ရှေ့ဆက်နေကြရပါတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ကြေကွဲစရာဖြစ်ရပ်တစ်ခုကြောင့် မိသားစုတွေပြန်စုံခဲ့ပါတယ်။ အဲဒီမှာ သူတို့ရဲ့ အဖေ ဟုချ် ခရိန်းလည်းပါလာပါတယ်။ ဒါပေမဲ့ တစ်မိသားစုလုံးက သူ့အဖေကိုကြည့်မရပါဘူး။ ဖြစ်ပျက်ခဲ့တဲ့ အတိတ်က ပြဿနာတွေဟာ သူတို့အဖေကြောင့်လို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ သူတို့အားလုံးစုံသွားတဲ့အချိန်မှာ ဆက်သွားရမယ့် ဦးတည်ချက်ကတစ်ခု ပဲရှိပါတော့တယ်။ အဲဒါကတော့ ဟေးလ်စံအိမ်ပါပဲ။ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ခံစားကြည့်လိုက်ကြပါ။ ဒီ ဇာတ်လမ်းတွဲက နားလည်ရခက်တဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပေမဲ့ သေချာမကြည့်ရင်တော့ တချို့ပြချင်တဲ့ နေရာလေးတွေကို လွတ်ကောင်းလွတ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Timeline နှစ်ခုကို ယှဉ်ပြတာတွေ ရှုပ်နေတဲ့ ပဟေဠိတွေကို တဖြည်းဖြည်းချင်း ရှင်းသွားတာတွေရှိတာကြောင့်မလို့ပါ။ သမာရိုးကျ Horror လိုမျိုး Horror Scene တွေကို ချပြတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတာမလို့ ဇိမ်နဲ့ကြည့်ရမယ့် ဇာတ်လမ်းတွဲမျိုးပါ။ အဲလိုမျိုး ဇိမ်နဲ့ကြည့်နေတုန်းပဲ “ဝုန်း” ဆို မထင်ထားတာတွေဖြစ်လာဦးမှာမလို့ ဇိမ်လည်းပျက်ဦးမယ့် ဇာတ်လမ်းတွဲမျိုးပါ။ ဒီကြားထဲကြောက်ရပါတယ်ဆိုမှ ဝမ်းကလည်းနည်းရသေး။ ဒါမျိုးလေးတွေလည်းလာမှာမလို့ ကြည့်ကိုကြည့်သင့်တဲ့ “One of the Greatest Horror Series of all time” ပါပဲခင်ဗျာ။ File size… 600 MB / 300 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 50 m Genre ..... Horror / Drama Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်