Finding Emily (2026) 4K HEVC +++++++++++++ IMDb Rating (7.0) / Rotten Tomatoes (100%) ရုပ်ရှင် ပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ မင်းသမီးလေး Angourie Rice နဲ့ မင်းသားချော Spike Fearn တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားတဲ့ Rom-com ရုပ်ရှင်ဇာတ်ကားအမြူးလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ညတာဆုံဆည်းမှုအပြီးမှာ ဖုန်းနံပါတ်အမှားကြီးရခဲ့လို့ "အမ်မလီ"ဆိုတဲ့ ကောင်မလေးကို လိုက်ရှာရတဲ့ အချစ်ရူး ဂီတသမားလေး Owen ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ကောင်မလေးက ဖုန်းနံပါတ်ပေးခဲ့ပေမဲ့ ဂဏန်းတစ်ခုလိုနေလို့ ဆက်သွယ်လို့မရဘဲ တက္ကသိုလ်ကျောင်းဝန်းတစ်ခုလုံးမှာ "Emily" ဆိုတဲ့နာမည်နဲ့ မိန်းကလေးပေါင်း ၃၀၀ ကျော်ကို လိုက်ရှာရပါတော့တယ်။ အဲဒီအချိန်မှာ "အချစ်က လူတွေကို ရူးသွပ်စေတယ်" ဆိုတဲ့ သီအိုရီအတွက် သုတေသနလုပ်နေတဲ့ စိတ်ပညာမေဂျာကျောင်းသူလေး အမ်မလီ (Angourie Rice) က အိုဝင် ကိုကူညီဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ သူ့စာတမ်းအတွက် စမ်းသပ်ချက်တစ်ခုလို သဘောထားပြီး ကူညီပေးရင်းနဲ့ ကျောင်းဝန်းတစ်ခုလုံးကို မွှေနှောက်ရှာဖွေရင်းကနေ သူတို့နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့ သံယောဇဉ်တွေနဲ့ ရယ်မောစရာ အလွဲတွေ ဖန်တီးမိသွားကြပါတယ်။ Bridget Jones's Diary ဖန်တီးသူတွေရဲ့ လက်ရာမို့ ဗြိတိသျှ Rom-Com ရဲ့ ရင်ခုန်သံတွေကို Gen-Z ပုံစံ သီချင်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပေါ့ပေါ့ပါးပါးလေး ခံစားရမှာပါ။ အိုဝင်တစ်ယောက် သူရှာနေတဲ့ အမ်မလီကိုရှာတွေ့သွားမလား... ဘယ်လိုအလှည့်အပြောင်းတွေဖြစ်သွားဦးမလဲ ဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File Size… (4.27GB) / (1.72GB) / (989MB) Quality… WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv / mp4 Duration…1h 51m Genre ….Comedy , Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်