Tony Munch ပါဝင်သော ဇာတ်ကားများ
7 ကား
Shoot 'Em Up (2007) IMDb - 6.7/10 Rotten - 67% မမမိုနီကာပါဝင်တဲ့ Action/Thriller လေးပါ...မုန်လာဉနီမြင်ရင် သတိရနေမိတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။ ဇာတ်လမ်းအကြောင်းလေးကို အနည်းငယ်မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာ ဘယ်သူမှန်းမသိတဲ့ ဗိုက်ကြီးသည်မိန်းကလေးတစ်ယောက်နဲ့စတင်ထားပါတယ်။ ဒီမိန်းကလေးကို ဘယ်ကမှန်းမသိတဲ့ လူတစ်စုကသတ်ဖြတ်ချင်နေကြပါတယ်. . . အဲ့လိုပြသနာတွေဖြစ်နေကြတုန်းမှာ ဘယ်လိုပေါ်လာမှန်းမသိတဲ့ ဇာတ်လိုက်က မိန်းကလေးကိုကယ်သွားပါတယ်... ကလေးတောင်မွေးပေးလိုက်သေး... သူတို့ဇာတ်ရှုပ်ကြီး အပစ်အခတ်ကြမ်းကြမ်းနဲ့ ဘယ်လိုရှင်းကြမလဲဆိုတာ....။ ဇာတ်လမ်းသွား တမူထူးခြားတဲ့ဇာတ်ကားလေးပါပဲ။ File size…(1.5 GB) Quality….BluRay HEVC 1080p Format…mkv Duration….01:26:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Idiot Myo Ko
ဇာတ်ကားကြည့်ရန်Shoot 'Em Up
2007
Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ နားလည်လာပြီး မြို့ပျက်တွေကနေ လူကုံထံ မြို့သစ်တွေဆီကို အစာရှာဖို့ တက်လာကြပါတော့တယ်၊ ဒီလိုနဲ့ပဲ ရိက္ခာရှာပေးရတဲ့ ရိုင်လေတို့အဖွဲ့ဟာ ဖုတ်ကောင်တွေရဲ့ ရန်ကိုပါ ကာကွယ်ရမယ့် တာဝန်ရှိလာပါတော့တယ်။ သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူအောင် ပြကွက်တွေက အတော်လေးကြမ်းလို့ သွေးလန့်တတ် သူတွေ၊ ရွံစရာတွေကို sensitiveဖြစ်သူတွေ သတိထားပြီး ကြည့်ဖို့ ပြောချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__Blu-Ray_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:33:00 Type__Horror, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
ဇာတ်ကားကြည့်ရန်Land of the Dead
2005
ဂျိမ်းစ် ဂျေ ဘရက်ဒေါ့ဟာ ဘာဂန်းမြို့က လက်ဝှေ့သမား ဂျင်မီအဖြစ် လူသိများလာသူပါ။ ဒါပေမယ့် သူ့ငယ်ဘဝကတော့ မပြေလည်ခဲ့ပါဘူး။ အိုင်ယာလန်ကနေ ပြောင်းရွှေ့လာတဲ့ မိသားစုဖြစ်သလို မွေးချင်းစုစုပေါင်း ခုနစ်ယောက်ရှိတာကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။ ဘရက်ဒေါ့က သူ့လက်သီးတွေနဲ့ ဘဝကို ရင်ဆိုင်ခဲ့တယ်။ အလစ်အငိုက် တန်ပြန်ထိုးနိုင်တဲ့ လက်သီးချက်တွေ၊ ပြိုင်ဘက်ရဲ့ ထိုးချက်တွေကို ခံနိုင်ရည်ရှိမှုတွေကြောင့် လက်ဝှေ့လောကမှာ တဖြည်းဖြည်း နာမည်ရလာပါတယ်။ ဒါပေမယ့် အောင်မြင်မှုက အမြဲတမ်း သူ့ဘက်မှာ ရှိမနေခဲ့ဘူး။ ထိပ်တန်းလက်ဝှေ့သမားအဖြစ် ရပ်တည်ခဲ့ရာကနေ အနိုင်ရဖို့ မျှော်လင့်ချက်နည်းတဲ့သူအဖြစ် သတ်မှတ်ခံရတဲ့အထိ ကျဆင်းလာပြီး သူ့ဘဝရဲ့ အခက်ခဲဆုံးအချိန်ကို ရောက်လာပါတော့တယ်။
ဇာတ်ကားကြည့်ရန်Cinderella Man
2005
Cube ကားတွေရဲ့နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ် သဲထိတ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ၂၀၀၄ ထဲမှာထွက်ရှိထားတဲ့ Cube Zeroဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ထူးထူးဆန်းဆန်းနဲ့ အသည်းထိတ်စရာတွေကြိုက်နှစ်သက်သူတွေအတွက်ပါ အစိုးရကလူတွေကိုစမ်းသပ်စစ်ဆေးတဲ့ အော်ပရေးရှင်းတစ်ခုမှာ လူတွေကို မှတ်ဉာဏ်တွေဖျက်ပြီး ကုဗပုံအခန်းတွေထဲ ထည့်ထားပါတယ် ဒီလူတွေက အဲ့ဒီအခန်းထဲတွေထဲကနေ လွတ်အောင်အပြင်ထိ ထွက်ပြေးရမှာပါ လူတွေဟာ ကိုယ်ဘယ်သူဆိုတာမှန်းတောင်မသိပါဘူး မှားယွင်းတဲ့အခန်းတွေထဲ ဝင်မိရင်လည်း ထောင်ချောက်တွေဆင်ထားတဲ့အတွက် မှားယွင်းမှုအတွက် ပေးဆပ်ရတဲ့တန်ဖိုးကတော့ သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်… အခန်းမှားပြီးဝင်မိတာနဲ့ အမျိုးမျိုးသော ထောင်ချောက်တွေထဲမှာ အမျိုးမျိုးသောသေခြင်းနဲ့ သေဆုံးရမှာဖြစ်ပါတယ် … ဓာတ်ခွဲခန်းထဲကကြွက်တွေလို စမ်းသပ်ခံလူတွေဟာ ဒီကုဗတုံးကြီးတွေထဲက လွတ်မြောက်နိုင်ပါ့မလား ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြပါဦး Translated & Review By Zwe Khant Thwin Encoded By LK
ဇာတ်ကားကြည့်ရန်Cube Zero
2004
ဒီဇာတ်ကားကတော့ မင်းသားတစ်ပါးနဲ့ လယ်သူမလေးတစ်ယောက်အကြောင်းRomanceဆန်ဆန်ရိုက်ထားတဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ ဒိန်းမတ်နိုင်ငံရဲ့မင်းသားဖြစ်တဲ့ အက်ဗက်ဟာ အလိုလိုက်ခံထားတဲ့သူပီပီ အပျော်အပါးအသောက်အစားများစွာလုပ်ပြီး မကောင်းသတင်းတွေ သတင်းစာထဲမှာပါပါလာကာ တော်ဝင်မိသားစုကိုအရှက်ရအောင် ခဏခဏလုပ်တဲ့သူပေါ့။ တစ်နေ့မှာတော့ သူဟာတီဗွီအစီအစဉ်တစ်ခုကနေ အမေရိကရဲ့ကောလိပ်ကျောင်းသားဘဝဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်းမြင်လိုက်ရပြီးတဲ့အချိန်မှာ ထိုကောလိပ်သို့တခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးတက်ဖို့သွားပါတော့တယ်။ အဲဒီကျောင်းမှာပဲ နယ်ကတက်လာတဲ့ကောင်မလေး "ပေ့ခ်ျ မော်ဂန်"နဲ့တွေ့တဲ့အခါမှာတော့ အမြဲဆိုးခဲ့တဲ့မင်းသားလေးတစ်ယောက် အချစ်အစွမ်းကြောင့် တဖြည်းဖြည်းနဲ့လိမ္မာပြီး အားကိုးထိုက်သူဖြစ်လာတာကို Comedyနဲ့ Romanceရောပြီး ရိုက်ပြထားပါတယ်။ File size…(2.2 GB) / (1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson
ဇာတ်ကားကြည့်ရန်The Prince and Me
2004
မက်သရူး ဗန်ဟယ်ဆင်းဆိုတဲ့ အဖိုးကြီးက လန်ဒန်မှာ ရှေးဟောင်းပစ္စည်းပြခန်းဖွင့်ထားပြီး အနုပညာပစ္စည်းတွေ စုဆောင်းရောင်းဝယ်နေသူပါ။ နတ်ရွှေသိုးအရေခွံလို ဘာသာရေးနဲ့ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုတော့ ပြခန်းအောက်က လျှို့ဝှက်မြေအောက်ခန်းမှာ သိမ်းထားတယ်။ တစ်နေ့မှာ သူ့အတွင်းရေးမှူး ဆိုလီနာက အပြင်ကသူ့လူနဲ့ ပေါင်းပြီး အဲဒီအခန်းကို ဖောက်ထွင်းဖို့ ကြံစည်လိုက်ပါတယ်။ သူတို့မျှော်လင့်ထားတာက ရွှေငွေတွေဖြစ်ပေမယ့် အထဲရောက်တဲ့အခါ ထင်ထားသလို မဖြစ်လာဘူး။ နောက်တော့ အခန်းတစ်ခုထဲမှာ အလုံပိတ်ထားတဲ့ ငွေခေါင်းတလားတစ်လုံးကို တွေ့သွားကြတယ်။ ဖွင့်ဖို့နည်းလမ်း ရှာမတွေ့ပေမယ့် အဖိုးကြီးရဲ့ ဥစ္စာပစ္စည်းတွေ ဒီအထဲမှာ ရှိလိမ့်မယ်လို့ ယူဆပြီး ခေါင်းတလားကို ခိုးယူကာ လေယာဉ်ပေါ် တင်သွားကြပါတယ်။ ခေါင်းတလားကို ဖွင့်ဖို့ကြိုးစားသူရဲ့ သွေးတွေ အထဲကို စီးဝင်သွားတဲ့အခါမှာတော့ သူတို့ယူလာမိတာ ရတနာတွေမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ အထဲက Dracula အသက်ပြန်ဝင်လာပြီး သူခိုးအဖွဲ့ကို တိုက်ခိုက်တာကြောင့် လေယာဉ်ပါ ပျက်ကျသွားပါတယ်။ မက်သရူးလည်း ခေါင်းတလားခိုးခံရတာ သိတာနဲ့ Dracula ကို လိုက်ရှင်းဖို့ ထွက်လာခဲ့တယ်။ မက်သရူးဟာ Dracula ရဲ့သွေးကို ကိုယ့်ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီး အသက်ရှည်အောင် နေလာခဲ့သူပါ။ ဒါကြောင့် သူ့သမီး မယ်ရီဆီမှာလည်း Dracula ရဲ့သွေး ပါနေတယ်။ မယ်ရီက Dracula နဲ့ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ မက်တတ်ပေမယ့် တကယ်မရှိတဲ့ အရာတွေလို့ပဲ ထင်ထားခဲ့တာပါ။ အခု Dracula အသက်ပြန်ဝင်လာတဲ့အခါမှာတော့ သူ့သွေးပါနေတဲ့ မယ်ရီကို လိုက်ရှာလာပါတယ်။
ဇာတ်ကားကြည့်ရန်