Dracula 2000
မက်သရူး ဗန်ဟယ်ဆင်းဆိုတဲ့ အဖိုးကြီးက လန်ဒန်မှာ ရှေးဟောင်းပစ္စည်းပြခန်းဖွင့်ထားပြီး အနုပညာပစ္စည်းတွေ စုဆောင်းရောင်းဝယ်နေသူပါ။ နတ်ရွှေသိုးအရေခွံလို ဘာသာရေးနဲ့ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုတော့ ပြခန်းအောက်က လျှို့ဝှက်မြေအောက်ခန်းမှာ သိမ်းထားတယ်။ တစ်နေ့မှာ သူ့အတွင်းရေးမှူး ဆိုလီနာက အပြင်ကသူ့လူနဲ့ ပေါင်းပြီး အဲဒီအခန်းကို ဖောက်ထွင်းဖို့ ကြံစည်လိုက်ပါတယ်။ သူတို့မျှော်လင့်ထားတာက ရွှေငွေတွေဖြစ်ပေမယ့် အထဲရောက်တဲ့အခါ ထင်ထားသလို မဖြစ်လာဘူး။ နောက်တော့ အခန်းတစ်ခုထဲမှာ အလုံပိတ်ထားတဲ့ ငွေခေါင်းတလားတစ်လုံးကို တွေ့သွားကြတယ်။ ဖွင့်ဖို့နည်းလမ်း ရှာမတွေ့ပေမယ့် အဖိုးကြီးရဲ့ ဥစ္စာပစ္စည်းတွေ ဒီအထဲမှာ ရှိလိမ့်မယ်လို့ ယူဆပြီး ခေါင်းတလားကို ခိုးယူကာ လေယာဉ်ပေါ် တင်သွားကြပါတယ်။ ခေါင်းတလားကို ဖွင့်ဖို့ကြိုးစားသူရဲ့ သွေးတွေ အထဲကို စီးဝင်သွားတဲ့အခါမှာတော့ သူတို့ယူလာမိတာ ရတနာတွေမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ အထဲက Dracula အသက်ပြန်ဝင်လာပြီး သူခိုးအဖွဲ့ကို တိုက်ခိုက်တာကြောင့် လေယာဉ်ပါ ပျက်ကျသွားပါတယ်။ မက်သရူးလည်း ခေါင်းတလားခိုးခံရတာ သိတာနဲ့ Dracula ကို လိုက်ရှင်းဖို့ ထွက်လာခဲ့တယ်။ မက်သရူးဟာ Dracula ရဲ့သွေးကို ကိုယ့်ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီး အသက်ရှည်အောင် နေလာခဲ့သူပါ။ ဒါကြောင့် သူ့သမီး မယ်ရီဆီမှာလည်း Dracula ရဲ့သွေး ပါနေတယ်။ မယ်ရီက Dracula နဲ့ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ မက်တတ်ပေမယ့် တကယ်မရှိတဲ့ အရာတွေလို့ပဲ ထင်ထားခဲ့တာပါ။ အခု Dracula အသက်ပြန်ဝင်လာတဲ့အခါမှာတော့ သူ့သွေးပါနေတဲ့ မယ်ရီကို လိုက်ရှာလာပါတယ်။
ဇာတ်လမ်းအကြောင်း