နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် Dylan Wang နဲ့ Victoria Song တို့ရဲ့အသစ်စက်စက် Sci-fi စိတ်ကူးယဉ်ဇာတ်လမ်းစွန့်စားခန်း ရုပ်ရှင်ဇာတ်ကားကြီးထွက်လာပါပြီ။ ဇာတ်လမ်းကိုမိတ်ဆက်ပေးရရင်တော့......မဝေးတော့တဲ့အနာဂတ်ကာလမှာ လျန်မုံ့လို့ခေါ်တဲ့ Virtual အိပ်မက်စနစ်တစ်ခုကိုဖန်တီးနိုင်သွားပါတယ်။ ဒီစနစ်ရဲ့ ထူးခြားချက်ကတော့ လူတွေဟာကိုယ်တိုင်စိတ်ကြိုက်ဖန်တီးထားတဲ့ အိပ်မက်တွေထဲမှာပဲနေထိုင်ရင်း သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို အလွယ်တကူဖြည့်ဆည်းနိုင်တာပဲဖြစ်ပါတယ်။ အားစိုက်စရာမလိုပဲ အိပ်မက်ထဲမှာတင်အောင်မြင်သူတစ်ယောက်အဖြစ်နဲ့ လှဲလျောင်းပြီးအနိုင်ရနိုင်တာပေါ့...... ဒါပေမယ့် မထင်မှတ်ပဲ အဲဒီအိပ်မက်တွေကနေတစ်ဆင့် ကြီးမားတဲ့အန္တရာယ်တစ်ခုပေါ်ပေါက်လာပါတယ်။ လျန်မုံ့စနစ်ထဲကလူတော်တော်များများ အိပ်မက်ထဲကနေနိုးမလာနိုင်တော့ပဲ အိပ်မက်ထဲမှာထာဝရပိတ်မိနေတော့မယ့် အန္တရာယ်ကြီးရောက်လာပါတယ်။ ဒီအခြေအနေကိုဖြေရှင်းဖို့အတွက် လျန်မုံ့အေအိုင်ကိုစီမံခန့်ခွဲတဲ့အစ်ကိုပြောင်း (Dylan Wang)က အာကာသယာဉ်မှူး ကပ္ပတိန်စီးမုံ့ (Victoria Song)ကိုအရေးပေါ်နှိုးလိုက်ရပါတယ်။ သူတို့နှစ်ယောက်ပူးပေါင်းပြီး အိပ်မက်ကမ္ဘာတွေကြားထဲကိုဝင်ရောက်ပြီး ထူးဆန်းတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင်ကြိုးစားပြီးတော့ လူသားတွေကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ Visual Effects လန်းလန်းတွေနဲ့ ဆန်းသစ်တဲ့သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့ပရိသတ်ကြီးတွေ ကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.68 GB / 980 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama, Science Fiction, and Adventure Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်