The Incredibles (2004) IMDb - 8.0/10 Rotten - 97% Won 2 Oscars. Another 65 wins & 56 nominations. Pixar ရဲ့ Inside Out ကို Review မတင်ခင်မှာ သူ့ရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ The Incredibles အကြောင်းကို ပြောရင်း Pixer အကြောင်းကိုနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ Pixar ကုမ္ပဏီ က ကာတွန်းကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခု (Animation Giant) ဖြစ်ပြီး Dreamwork တို့ Disney တို့လို ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ Lucasfilm ကုမ္ပဏီရဲ့ (Star Wars, Indiana Jones တို့ ရိုက်ကူးခဲ့တဲ့ studio ဖြစ်ပါတယ်။) animation department အဖြစ် စတင်ခဲ့ပြီး ၁၉၈၆ လောက်မှာ Apple တည်ထောင်သူ Steve Jobs ရဲ့ ထောက်ပံ့မှုနဲ့ ကိုယ်ပိုင်ကုမ္ပဏီအဖြစ်ခွဲထွက်ခဲ့သလို၊ Steve Jobs ကလည်း ကုမ္ပဏီမှာ အဓိက ရှယ်ယာရှင်ဖြစ်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Pixar ကို Disney က 7.6 Billion Dollars နဲ့ ဝယ်ယူခဲ့ပါတယ်။ Pixar ကို ပရိတ်သတ်ကြီးအနေနဲ့ သိကြမှာဖြစ်ပေမယ့် အများစုမသိကြတာကတော့ သူရိုက်လိုက်သမျှ ကာတွန်းကားအများစုဟာ၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်လေ့ရှိပါတယ်။ ၁၉၉၅ မှာ Toy Story နဲ့စခဲ့ပြီး လက်ရှိအချိန်အထိ Inside Out အပါအဝင် ၁၅ ကားရိုက်ကူးထားပြီး Cars 2 တစ်ကားသာ ဇာတ်လမ်းမကောင်းဘူးဆိုပြီး ဝေဖန်ခံရပြီး၊ ကျန် ၁၃ ကားလုံးက ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးမွှမ်းခြင်းကိုခံထားရပါတယ်။ ဒီဘက်ခေတ်မှာ Pixar ကထုတ်တဲ့ကားကို ကော
ဇာတ်ကားကြည့်ရန်