31'st October film ( သို့မဟုတ် ) မရရှိသေးသော အမှန်တရား °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° " လမ်းချိုး တစ်ခုတိုင်း မှာ သွေရဲရဲ နီဆွေးခဲ့တဲ့ လူမျိုးနွယ် တစ်စု " ဒါမှမဟုတ် "ပြာငွေ့တွေကြား အရှင် လတ်လတ် အော်ဟစ်ပျောက်ဆုံး သွားကြတဲ့ အဖေ ။ အမေ ။ လူမမည် ကလေးငယ်တွေ။ ဘာအတွက်ကြောင့်များ ကောင်းကင်ဘုံ တံခါး ကြိုပွင့်ခဲ့သလဲ ဆိုတာ နံနက်ခင်း သတင်းမှာတော့ ကြိုတင် မကြေငြာခဲ့ပါ။ ဒါပေမယ့် အလုပ်ဝင် အလုပ်သွားနေကြ ရုန်းကန်နေကြတဲ့ ဆစ်ခ် လူမျိုး တွေ ကြား နေမင်းကြီးမြင့်လာချိန် နှင့် တစ်ပြိုင်နက် ပြဿနာ တစ်ခု က ဆီးကြို ခဲ့ပါပြီ။ ထိုအချိန်တွင် ရေဒီယို သတင်း ဌာနတွေဆီမှလည်း အစီအရီ ကြေငြာလို့နေခဲ့ပါသည်။ ဒီအရေးကြီးသတင်းကတော့ " Indira Gandhi ( အိန္ဒိယနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ) အား အနီးကပ်နေသက်တော်စောင့် ဆခ်လူမျိုးများက လုပ်ကြံခဲ့ "တဲ့ သတင်း ပဲဖြစ်ပါတယ်။ ဒီသတင်းဟာ မွန်းတည့် ချိန် နေပြင်းသကဲ့သို့ အိန္ဒိယ လူမျိုးအများစုရင်ထဲ သွေးဆူ လာခဲ့ကြပါတယ်။ " ဆခ် ဟူသမျှ သတ်ကြ " ဆိုသလို နိုင်ငံရေး လှုှုံ့ ဆော်သူတွေကြောင့်လည်း ပဋိပက္ခ အသွင် ဖြစ်လာခဲ့ကြပါတယ်။ တွေ့လျှင် သတ် / မမိလျှင် အိုးအိမ် ဖျက်ဆီး ၍ ရွှေငွေ လုယူခြင်း စသည်အထိ ဆိုးရွားခဲ့ကြပါတယ်။ဒီဖြစ်ရပ်ကြောင့် ဆစ်ခ် လူမျိုးများဟာ အသက်အတွက် ရုန်းကန်ပြေးကြရပါတော့တယ်။ တစ်ချိန်က တစ်ရပ်ကွက်ထဲနေခဲ့သော်ငြားလည်း နိုင်ငံရေး သွေးကြွမှုတစ်ခုတည်းဖြင့် နေ့
ဇာတ်ကားကြည့်ရန်