Joe's College Road Trip (2025) IMDb Rating (5.3) / Rotten Tomatoes (36%) Tyler Perry ရဲ့ Madea ဇာတ်ကောင်ဟာ Eddie Murphy ရဲ့နာမည်ကျော်ဖြစ်တဲ့ Norbit ထဲက Rasputia လိုပဲသူကိုယ်တိုင်ဖန်တီးပြီး သူကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော်ဇာတ်ကောင်တစ်ခုဖြစ်သလို ဒီဇာတ်ကောင်ကိုအခြေခံပြီး ဇာတ်ကားတွေအများကြီးထွက်ရှိခဲ့ပါတယ်။ အခုအသစ်ထွက်လာတဲ့ Netflix spinoff မှာတော့ Madea ရဲ့အစ်ကိုဂျိုးကို အဓိကဇာတ်ကောင်အဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘရိုင်ယန်(Tyler Perry) က သူ့သားဖြစ်တဲ့ BJ ကိုတရားလွန်အလိုလိုက်ပြီး သူတို့လူမည်းတွေကြုံခဲ့ရတဲ့ဒုက္ခသုက္ခသမိုင်းကြောင်းတွေတစ်ခုနဲ့မှမထိတွေ့ရအောင်ဘာတစ်ခုမှကွဲပြားမှုရှိမနေတဲ့လူငယ်တစ်ယောက်အဖြစ်ပုံသွင်းထားမိရာကနေ အရွယ်ရောက်လာတဲ့သူ့သားရဲ့ခံယူချက်နဲ့အမြင်တွေကိုသိလိုက်ရတဲ့အချိန်မှာတော့ စိုးရိမ်ပူပန်ပြီး အဒေါ်ဖြစ်သူ မာဒီယာ(Typer Perry) နဲ့ ဖခင်ဖြစ်သူ ဂျိုး (Tyler Perry)တို့နဲ့သွားပြီးတိုင်ပင်ဖြစ်ခဲ့ပါတယ်။ အဘိုးကြီးအဘွားကြီးမောင်နှမရဲ့စရိုက်တွေကိုမကြိုက်လို့ ခပ်တန်းတန်းနေခဲ့သူပီပီ ခဏနဲ့စကားများရန်ဖြစ်ပြီးထပြန်လာခဲ့ပေမယ့် သူ့ပတ်ဝန်းကျင်ကလူဖြူတစ်ချို့ရဲ့ သူတို့အပေါ်ခံယူချက်ကိုမြင်လိုက်ရချိန်မှာတော့ ဖခင်နဲ့အဒေါ်ဖြစ်သူရဲ့အကြံကိုမဖြစ်မနေလက်ခံလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ သူ့သားဖြစ်သူ ကောလိပ်သွားကြည့်မယ့် ခရီးကို အဘိုးဖြစ်တဲ့ ဂျိုးကကားမောင်းလိုက်ပို့ရင်း လူမည်းတွေဖြတ်သန်းခဲ့ရတဲ့ နော
ဇာတ်ကားကြည့်ရန်