ဇာတ်ကားများ ရွေးရန်

Busted Water Pipes

2026ဇာတ်ကားအမှတ် 5.5/10104 မိနစ်

အလွဲအချော်တွေအပြည့်နဲ့ ပေါ့ပေါ့ပါးပါးအက်ရှင်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အရှေ့တောင်အာရှမြို့လေးတစ်မြို့မှာ ယွီတာ့ဟိုင်ဆိုတဲ့ရဲအရာရှိတစ်ယောက်ရှိပါတယ်။ သူကအလုပ်အရမ်းကြိုးစားတဲ့သူဖြစ်ပြီးတော့ သူ့ရဲ့ကြိုးစားမှုကြောင့် အဲဒီမြို့လေးဟာ(၇)နှစ်တာဆက်တိုက် ပြစ်မှုနှုန်း သုညသာရှိပါတယ် ပြဿနာကအဲဒီမှာစတာပါ ...... ရာဇဝတ်မှုမရှိတဲ့အတွက် ရဲစခန်းရှိစရာမလိုဘူးဆိုပြီးတော့ အစိုးရကဆုံးဖြတ်ပြီး ရဲဝန်ထမ်းအကုန်လုံးကိုအလုပ်ထုတ်ပစ်ဖို့ စီစဉ်ပါတယ် သူတို့ရဲ့အမြဲတမ်းဝန်ထမ်းဘဝကနေပြီးတော့ ရုတ်တရက်အလုပ်လက်မဲ့ဘဝကိုရောက်တော့မယ့်အရေးကနေကာကွယ်ဖို့အတွက် ယွီတာ့ဟိုင်နဲ့ သူ့ရဲ့အဖွဲ့သားတွေက ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ အမှုမရှိရင် အမှုရှိအောင်ဖန်တီးကြမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါပဲ တိုက်တိုက်ဆိုင်ဆိုင် သူတို့ရာဇဝတ်မှုအတုဖန်တီးမယ့်အချိန်မှာ တကယ့်ကြီးမားတဲ့အမှုတစ်ခုကသူတို့ခြေရင်းမှာတင်ဖြစ်ပွားနေတာပါပဲ လော်ဟောက်နဲ့ နျိုတာ့လွင်တို့ဦးဆောင်တဲ့ သင်္ချိုင်းဖောက်ထွင်းသမားအဖွဲ့ဟာ ရှေးဟောင်းရတနာတွေရှိတယ်လို့နာမည်ကြီးတဲ့ ဂူသင်္ချိုင်းတစ်ခုကိုဖောက်ဖို့ကြိုးစားကြပါတယ်။ ထူးခြားတာကတော့ အဲဒီရတနာသိုက်ကရဲစခန်းအောက်တည့်တည့်မှာဖြစ်နေတော့...... ရဲစခန်းအောက်မှာရတနာခိုးတူးတဲ့သူခိုးတွေနဲ့ အလုပ်မပြုတ်အောင်အမှုလိုက်ချင်နေတဲ့ရဲတွေကြားက အလွဲပေါင်းသောင်းခြောက်ထောင်ကို ရင်ခုန်စရာ ရယ်မောစရာတွေ့မြင်ရမှာဖြစ်ပါတယ် Filesize : 1.66 GB / 867 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy , Crime Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း