မမZhang Yu Xi နဲ့ Bi Wen Jun တို့ရဲ့ ထိပ်တန်းVisual တွေနဲ့ Healing Drama လေးကို CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့...... အသက်သုံးဆယ်ကျော်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ယဲ့မုံက လုပ်ငန်းခွင်မှာအဆင်မပြေတာကြောင့်အလုပ်ထွက်လိုက်ပြီး ကိုယ်စုဆောင်းထားတဲ့ပိုက်ဆံလေးနဲ့ လှပတဲ့မြို့ငယ်လေးမှာ ဘဝအသစ်စဖွင့်လိုက်တယ်။ အေးချမ်းပျော်ရွှင်တဲ့နေ့ရက်တွေကိုခံစားနေချိန်မှာပဲ နက်ရှိုင်းတဲ့မျက်ဝန်းတွေရှိတဲ့ လီကျင်ယွီဆုံတွေ့ခဲ့တယ်။ သူ့ရဲ့လျှိ့ဝှက်ပြီးအေးစက်တဲ့အပြုအမှုတွေကယဲ့မုံကို စွဲဆောင်သွားခဲ့တယ်။ အဖော်မဲ့တဲ့သူစိမ်းနှစ်ယောက်ဟာ တဖြည်းဖြည်းနဲ့စိတ်ချင်းနီးစပ်လာကြတယ်။ ယဲ့မုံကလီကျင်ယွီရဲ့ခက်ခဲတဲ့ဘဝကိုသနားကြင်နာပြီး သူ့ကိုအကူအညီတွေပေးခဲ့တယ်။ လီကျင်ယွီလည်း ယဲ့မုံပံ့ပိုးမှုတွေကြောင့် စိတ်တံခါးကိုဖွင့်လာနိုင်ခဲ့တယ်။ အရင်ကအေးစက်ခဲ့သူဟာ အခုချိန်မှာယုံကြည်မှုတွေနဲ့ပွင့်လန်းလာခဲ့တယ်။ သူတို့ကအချင်းချင်းနွေးထွေးမှုတွေနဲ့ အတူကုစားပြီး ရခဲလှတဲ့အချစ်ကိုပျိုးထောင်ကြတယ်။ ဒါပေမယ့်… တစ်နေ့မှာ လက်စွပ်တစ်ကွင်းက သူတို့နှစ်ဦးအကြားကအေးချမ်းမှုလေးကိုဖျက်ဆီးလိုက်တယ်။ ယဲ့မုံအမေသေဆုံးမှုနဲ့ပတ်သက်တဲ့ နောက်ကွယ်ကအဖြေတွေကတဖြည်းဖြည်းပေါ်လာခဲ့တဲ့အတွက် ယဲ့မုံကရက်စက်တဲ့အမှန်တရားကိုမဖြစ်မနေရင်ဆိုင်ရပါတယ်။ တကယ်တော့ ယဲ့မုံရဲ့အမေသေဆုံးမှုက လီကျင်ယွီရဲ့မိသားစုနဲ့ပတ်သက်နေခဲ့တယ်။ ဒီအချိန်မှာ လီကျင်ယွီရဲ့စိတ်ကတော့ ယဲ့မုံဘက်မှာပဲရှ
ဇာတ်ကားကြည့်ရန်