ဒီတစ်ခါ CM Chinese Fanလေးတွေအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့... နူးညံ့သိမ်မွေ့ပြီး ပြေပြစ်ချောမောလှတဲ့ အချစ်ကြီးတဲ့ နှစ်ပေါင်းထောင်ချီ မိစ္ဆာနဂါး 'ထျန်းယောက်'အဖြစ် မင်းသား Neo Hou ထက်မြက်သွက်လက်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုလေး 'ယန့်ဟွေ'အဖြစ် မင်းသမီး Zhou Ye လနတ်သမီးပမာ လှပပြီးတော့ ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် 'စုယင်'အဖြစ် မင်းသမီး Yang Rong တို အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Back From The Brink ဆိုတဲ့ XianXia ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀က ထျန်းယောက်ဟာ သူ ချစ်ရသူဖြစ်တဲ့ ကွမ်ဟန်ဂိုဏ်း ဂိုဏ်းချုပ် စုယင် သစ္စာဖောက်တာကို ခံလိုက်ရပြီး သူ့ရဲ့ နဂါးအကြေးခွံတွေ နဂါးအရိုးတွေအပါအဝင် ခန္ဓာကိုယ်ရော ဝိညာဉ်ရော အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပြီးတော့ အရပ်လေးမျက်နှာမှာ တံဆိပ်ခတ်ချုပ်နှောင်တာကို ခံလိုက်ရတယ်... ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ဝိညာဉ်က လွတ်မြောက်လာခဲ့တယ်... အဲ့ဒါနဲ့ သူက ရွာတစ်ရွာက ရေကန်ထဲမှာ ချုပ်နှောင်ခံထားရတဲ့ သူ့ရဲ့ နဂါးအရိုးကို ခံစားမိပြီးတော့ မလွဲသာတဲ့ အခြေအနေကြောင့် ကလေးယောကျာ်းလေးထဲ ဝင်ပူးပြီး နဂါးအရိုးကို ပြန်ယူဖို အခွင့်အရေးကို စောင့်နေခဲ့တယ်... အဲ့ဒီနောက် အမှားကို ကျူးလွန်မိလို ဆရာ့ဂိုဏ်းကနေ မောင်းထုတ်ခံလိုက်ရတဲ့ ယန့်ဟွေနဲ့ အချစ်ကြောင့် စိတ်ဒဏ်ရာရထားတဲ့ ထျန်းယောက်တို ဆုံတွေ့သွားကြတဲ့ အခါမှာ ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတ
ဇာတ်ကားကြည့်ရန်