ဇာတ်ကားများ ရွေးရန်

Cinderella at 2AM

2024ဇာတ်လမ်းတွဲ

Cinderella at 2 AM (2024) အပိုင်း ၁ မှ ၁၀ စ/ဆုံး ဒီတစ်ခါတော့ မမနဲ့ မောင်လေး ဇာတ်လမ်းမျိုး တောင့်တနေသူတွေအတွက် ယောက္ခမမြေက ဖြည့်ဆည်းပေးလိုက်ပါပြီ Main cast တွေအနေနဲ့ မင်မင်တို့ရဲ့ အချစ်တော် Moon Sang Min နဲ့ Reborn Rich, Tell Me That You Love Me တို့က မင်းသမီး Shin Hyun Been တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ရိုရိုချိုချိုလေးစောင်ကိုက်ကြည့်ချင်သူတွေအတွက် ကွက်တိပါပဲနော် ဇာတ်လမ်းအကျဉ်း ဟာယွန်းဆော ( Shin Hyun Been )ဟာ ငယ်စဉ်တည်းက အိမ်တွင်းအကြမ်းဖက်မှုကြောင့် မောင်လေးဖြစ်သူကို လက်ဆွဲပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ ခပ်ထက်ထက်အမျိုးသမီးတစ်ယောက်ပါ လက်ရှိမှာလည်း ကုမ္ပဏီကြီး တစ်ခုမှာ အဖွဲ့မှူးအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပါ သူ့ချစ်သူကောင်လေးဖြစ်တဲ့ ဆောဂျူဝန်း ( Moon Sangmin ) ကတော့ ယွန်းဆောထက် အသက်လည်း ငယ်သလို သူဌေးမိသားစုရဲ့သား ဖြစ်နေပါတယ် မြင်ဖူးနေကျ ဇာတ်ကွက်တွေအတိုင်း သူဌေးသားလေးရဲ့ အမေက ဟာယွန်းဆောကို ပိုက်ဆံပေးပြီး သူ့သားနဲ့ လမ်းခွဲပေးဖို့ တောင်းဆိုလာပါတော့တယ် ဒဏ္ဋာရီပုံပြင်တွေဆိုတာ လက်တွေ့မှာမရှိဘူး လို့ ခံယူထားပြီး ဂျူဝန်းအမေဆီက ပိုက်ဆံယူ ၊ လမ်းခွဲလိုက်ဖို့ စိတ်ကူးထားတဲ့ ဟာယွန်းဆော နဲ့ အချစ်ကို ယုံကြည်ပြီး နှလုံးသားနောက်ကိုပဲ လိုက်တတ်တဲ့ သူဌေးသား ဆောဂျူဝန်းတို့ ဘယ်လို နှစ်ပါးသွားကြမလဲ ဆောဂျူဝန်းကပဲ ဟာယွန်းဆောကို စိတ်ပြောင်းသွားအောင် လုပ်နိုင်မလား ဒါမှမဟုတ် တကယ်ပဲ သူတို့ လမ်းခွဲဖြစ်သွားကြမလားဆိုတာကိုတော့ Cinderella at 2 AM ဆိုတဲ့ စီးရီးမှာ စနေ ၊ တနင်္ဂနွေနေ့တိုင်း ကြည့်ရှုရမှာဖြစ်ပါတယ် အညွှန်းကို Hazelle မှ ရေးသားပေးထားပါတယ် Drama: Cinderella at 2 AM Genres: Comedy, Romance Country: South Korea Episodes: 10 Aired: Aug 24, 2024 - Sep 22, 2024 Aired On: Saturday, Sunday Original Network: Channel A, COUPANG TV Translated by Wutyi, Lucien, Shwe Pwint, Jennie Muse, Milkeux, Shwe Pyae & Hazelle Encoded by Heather Oo

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း