အင်းဆက်ပိုးကောင်လေးတွေရဲ့ ကမ္ဘာငယ်လေးတွေဆီကို အလည်သွားကြည့်ကြရအောင်။ အခုစီးရီးကတော့ National Geographic ကရိုက်ကူးထားပြီး Disney+ မှာထုတ်လွှင့်ပြသခဲ့တဲ့ Documentary Series အသစ်လေးဖြစ်ပြီး "A Bug's Life" ဆိုတဲ့ Disney နဲ့ Pixar ထုတ် ကာတွန်းစီးရီးကို မှီငြိမ်းထားတာပါ။ သဘာဝတရားကြီးထဲကို လူတွေကျူးကျော်လာတာနဲ့အမျှ ပိုးကောင်လေးတွေရဲ့ ကျက်စားနေရာလေးတွေလည်းပျက်စီးလာခဲ့ပြီး ဂေဟစနစ်ဟန်ချက်ပျက်လာခဲ့ပါပြီ။ အင်းဆက်ပိုးကောင်လေးတွေဟာလည်း အရွယ်သာငယ်ပေမဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ သဘာဝဂေဟစနစ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးတဲ့နေရာမှာ အံ့သြဖို့ကောင်းလောက်အောင်ကို အရေးပါတဲ့ကဏ္ဍက ပါဝင်နေကြပါတယ်။ ဒီ Documentary ထဲမှာတော့ နယူးယော့ခ်မြို့ရဲ့ လမ်းပေါ်မှာ နားခိုရာနေရာသစ်ရှာဖွေနေရတဲ့ ပင့်ကူငယ်လေးကနေ ကိုစတာရီကာ သစ်ခွပျားလေးရဲ့ ရနံ့ရှာဖွေတဲ့ စွန့်စားခန်းအထိ သေးငယ်လှတဲ့ ပိုးကောင်လေးတွေရဲ့ဘဝကို ရိုက်ကူးထားတဲ့အပြင် မြို့ပေါ်နဲ့ တောတွင်းမှာနေထိုင်ကျက်စားကြတဲ့ ပိုးကောင်လေးတွေ နေ့စဉ်ဖြတ်ကျော်ရတဲ့အခက်အခဲအတားအဆီးတွေ၊ အရွယ်သာငယ်ပေမဲ့ သူတို့ပါဝင်တဲ့ ကဏ္ဍကအရေးပါပုံတွေ၊ သဘာဝတရားကြီးကို ဟန်ချက်ညီနေအောင် လုပ်ဆောင်ပေးကြပုံတွေ၊ အချင်းချင်းစုစည်းညီညွတ်စွာ ဝီရိယရှိရှိနဲ့ အလုပ်ကြိုးစားကြပြီး အခက်အခဲကျော်လွှားကြပုံတွေအပြင် အင်းဆက်ပိုးကောင်လေးတွေရဲ့ အမူအကျင့်တွေနဲ့ လုပ်နိုင်စွမ်းတွေကို အနီးကပ် macro shot
ဇာတ်ကားကြည့်ရန်