ဇာတ်ကားများ ရွေးရန်

A Will Eternal

2020ဇာတ်လမ်းတွဲအမှတ် 8.8/10

သိုင်းဝတ္ထု​တွေမှာဆိုရင် Wuxia, xuanhuanနဲ့ xianxiaဆိုပြီး အကြမ်းဖြင်းရှိပါတယ်။ Wuxiaမှာဆိုရင် ဆရာကြီး ကျင်းယုံရဲ့ universeက နာမည်ကြီးပြီး ( ​ရှောင်ဖုံး၊ ​ကောကျင့်၊ ကျန်းဝူကျိ၊ လင်ဟူချုံး) Xianxiaမှာဆိုရင် Ergen verseက နာမည်ကြီးပါတယ်။ (မြန်မာဝတ္ထု​တွေထဲမှာဆိုရင် ထူးထူးခြားခြား မင်းသိင်္ခဝတ္ထု​တွေမှာ ဆားပုလင်းနှင်း​မောင်universeဖြစ်​နေ​အောင် ဇာတ်လမ်းဆင်ထားပါတယ်။ ဥပမာ ဆားပုလင်းနှင်း​မောင်၊ စ​နေ​မောင်​မောင်၊ မိုးသီး၊ ပုဏ္ဏားဘကွန်း) Ergen Verseအ​ကြောင်းအကြမ်းဖြင်း​ပြောရမယ်ဆိုရင်​တော့ အရင်ဆုံး ဆရာErgenရဲ့ထွက်ရှိထားတဲ့ဝတ္ထု​တွေကို​​ပြောပါရ​စေ။ 1. Renegade Immortal (​နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်) 2. Pursuit of the truth (အမှန်တရားရှာပုံ​တော်) 3. I shall see the heaven (​ကောင်းကင်တံခါးငါပိတ်မယ်) 4. A Will Eternal (ထာ၀ရအသက်ရှည်လို​သော်) 5. A World Worth Protecting (ကာကွယ်သူတို့ကမ္ဘာ) တို့ပါ။ Animeအ​နေနဲ့ Renegade Immortal, A will eternal, a world worth protectingတို့ ထွက်ထားပါတယ်။ အခုတင်ဆက်​ပေးမှာက​တော့ Er Gen Verseရဲ့ အ​မွှေစိန်ပိုင်​ရှောင်ချန်းဇာတ်လမ်းပါ။ ဝတ္ထုဖတ်ထဲကလအရမ်းခွီရသလို ဆွဲထားတဲ့ပုံစံက နီကျားပုံစံမျိုးမလို့ တင်ဆက်လိုက်ရတာပါ။ ဇာတ်လမ်းအကျဥ်းက​တော့ မိဘ​တွေငယ်စဥ်ကတည်းကဆုံးပါးသွားကတည်းက ​သေရမှာကိုအလွန်​ကြောက်သွားခဲ့တဲ့ ပိုင်​ရှောင်ချန်းဟာ မ​သေမျိုးနတ်ဝိဇ္ဇာတပါးဖြစ်လာ​အောင်ကျင့်ကြံရင်း အလွဲလွဲအဖုံဖုံ ကြုံ​တွေ့ရတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဥ်းကို​တော့ အရှည်ကြီးမ​ရေး​တော့ဘူးဗျ။ ဆရာEr Genဟာ ဘာလို့xianxiaဝတ္ထု​ရေးဆရာ​တွေထဲမှာ နာမည်ကြီး​နေရတာလဲဆိုတာကို နည်းနည်း​လေး ဆက်​လေ​ပေါချင်လို့ပါ။ Xianxiaဝတ္ထု​တွေက အရမ်းကိုစိတ်ကူးယဥ်ဆန်တဲ့ဆို​ပေမဲ့ ဆရာEr Genရဲ့ဝတ္ထု​တွေဟာ တခုနဲ့တခုချိတ်ဆက်​နေပြီး marvel cinematic universeလိုမျိုး အစပထမဖြစ်တည်ပုံ​တွေ၊ higher being​တွေကိုပါ factကျကျ ဇာတ်အိမ်ဖွဲ့နိုင်တာမလို့ xianxiaဝတ္ထု​တွေကြားမှာ ထင်​ပေါ်​နေရတာပါ။ ဆရာEr Genရဲ့ဝတ္ထု​တွေဖတ်ပြီးရင်လည်း fan​တွေအချင်းချင်း ဘယ်universeမှာဇာတ်လမ်းတည်တာ၊ ဘယ်လိုbeing​တွေရှိ​သေးတာဆိုပြီး အားရပါးရ​ဆွေး​နွေး​လို့ရပါတယ်။ ​ဆွေးလည်း​ဆွေး​နွေးကြပါတယ်။ ဆက်ပြီး​ပြောမှာက​တော့ ဝတ္ထုငါးအုပ်ထဲက Er Genverseဘယ်လို​ပေါ်​ပေါက်လဲ​ကို​ရေး​ပေးမှာပါ။ spoilerပါမှာမလို့ ကြိုမသိချင်​သေးရင် ဆက်မဖတ်ကြပါနဲ့။ #spoiler ​အခုဆက်​ပြောမှာက redditမှာ ငြင်းခုန်​ဆွေး​နွေးထားတာ​တွေနဲ့ ဘရိုထူး​အောင်​ရေးခဲ့တဲ့ပို့စ်ကို မှီငြမ်းပြီး​ရေးထားတာပါ။ ဝတ္ထု​တွေဖတ်ထားတဲ့လူ​တွေလည်း သိကြပါလိမ့်မယ်။ Ergenverse မှာ ဝမ်လင်း၊မန်ဟို၊ပိုင်​ရှောင်ချန်း၊ဝမ်ပေါင်လဲတို့ အားလုံးဟာ ချိတ်ဆက်နေပါတယ်။ အရာအားလုံးစတင်ဖြစ်​ပေါ်တဲ့​နေရာဟာ ဝတ္ထု​တွေထဲမှာပါတဲ့​နေရာမဟုတ်ပဲ Brilliant Heaven Star Ring လို့ခေါ်တဲ့နေရာကပါ။ အဲ့​ဒီ​နေရာက တကယ့်ဆရာကြီးတွေစုပြီးကျင်းပတဲ့ ဈာပနတစ်ခုက​နေ Er Genverseစတင်ဖြစ်​ပေါ်ပါတယ်။ အစွမ်းအဆင့်ဘယ်​လောက်ရှိလဲမသိရတဲ့ Beingအ​သေတစ်​ယောက်ကို 10 stepsအဆင့်ရှိတဲ့ ဆရာကြီး​တွေက စျာပနလိုက်ပို့ကြပါတယ်။ ‌ သစ်သားအခေါင်းထဲအဲဒီအလောင်းကြီးထည့်ပိတ်ပြီး အဆုံးအစမရှိတဲ့ အာကာသထဲ ပို့လွှတ်လိုက်ကြပါတယ်။ ပို့လိုက်တဲ့အချိန်မှာ စျာပနလိုက်ပို့တဲ့ထဲက တကယ့်လူသတ်သမားလို့ထင်ရသူဟာ သူများတွေမသိအောင် ကျိန်စာ တစ်ခုကို အခေါင်းပေါ် ရအောင်ထည့်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အ​ခေါင်းကြီးဟာ စကြာဝဠာပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး Deep Eath Star Ring ထဲက ဘာမှမရှိသေးတဲ့စကြာဝဠာတစ်ခုကို ဝင်တိုက်မိပါတယ်။ အဲဒီ စကြာဝဠာဟာ The Immortal ဆိုတဲ့ နှစ်ယောက်မရှိတဲ့ဖြစ်တည်မှုကို မွေးထုတ်ပေးနိုင်တဲ့ ထူးခြားတဲ့စကြဝဠာပါ။ အဲ့လိုထူးခြားမှုကြောင့်ပဲ ခေါင်းတလားကြီးက သူ့ကိုပို့လွှတ်လိုက်တဲ့ရည်ရွယ်ချက်ပျက်စီးသွားပြီး သောင်တင်သွားကာ အဲဒီစကြာဝဠာနဲ့ ပေါင်းစပ်သွားပါတယ်။ အခေါင်းကြီးဟာ အလောင်းရဲ့အသွေးအသားတွေကိုစုပ်ယူလိုက်ပြီး စကြာဝဠာကတော့ အဲဒီအခေါင်းကို ပြန်စုပ်ယူလိုက်ပါတယ်။ ‌စုပ်ယူပြီး ဘာဖြစ်သွားလဲဆိုတော့ စကြာဝဠာ Wood Essence(သစ်သားတာအို)ဖြစ်သွားပါတယ်။ Wood Essence ဖြစ်တည်ပြီးတဲ့နောက်မှာ​တော့ စကြာဝဠာရဲ့ မူလပထမဆုံး သက်ရှိတစ်ယောက်ဖြစ်တည်လာပါတယ်။ အလောင်းမှာကျန်နေတဲ့ ဝိဉာဉ်အပိုင်းအစတစ်ခုက​နေ ဖြစ်တည်လာတာဖြစ်ဖို့များပါတယ်။ အဲ့ဒီဖြစ်တည်လာတဲ့လူဟာ ကျင့်ကြံခြင်းကိုစတင်ပြီး 'Emperor(ဧကရာဇ်)' ဆိုပြီးဖြစ်လာပါတယ်။ စစချင်း​တော့ ဧကရာဇ်ကြီးဟာ တစ်ယောက်တည်းအထီးကျန်နေပေမဲ့ သိပ်မကြာခင် နောက်ထပ်သက်ရှိတစ်ကောင်ဖြစ်တည်လာပါတယ်။ အဲ့ဒါက​တော့ ကြက်တူရွေးလေးတစ်ကောင်ပါ။ ဧကရာဇ်ကြီးနဲ့ကြက်တူရွေး တို့ဟာ ခင်မင်သွားပြီး အတူကျင့်ကြံကြပါတယ်။ တဖြည်းဖြည်းနဲ့ နောက်ထပ်တခြားသက်ရှိတွေလည်းဖြစ်တည်လာပါတယ်။ ဧကရာဇ်ကြီးက သူတို့ကိုကျင့်ကြံနည်းသင်ပေးခဲ့ပါတယ်။အဲ့ဒီသက်ရှိ​တွေဟာ နည်းနည်းလေးအစွမ်းထက်လာတာနဲ့ ဧကရာဇ်ကြီးကိုစိန်ခေါ်ပါတယ်။ ဒါ​ပေမဲ့ မနိုင်ပါဘူး။ ရှူံးတဲ့သူတွေပေါင်းပြီး ဧကရာဇ်လက်အောက်မှာ စစ်သူကြီး ၁၀၈ ယောက်ဖြစ်သွားပါတယ်။ အဲ့ထဲမှာ 'all heaven' နဲ့ 'Ancient' ဆိုတဲ့ ပြဿနာကောင်နှစ်ကောင်ပါလာပါတယ်။ ဧကရာဇ်ကြီးနဲ့စစ်သည်တွေဟာ စကြဝဠာရဲ့အလယ်မှာနေပါတယ်။ ဧကရာ်ကြီးဟာ ကြာတော့ဘဝကိုပျင်းရိလာပါတယ်။ သူ့ကိုယ်သူ တစ်ခုခုလိုအပ်နေသလိုအမြဲခံစားရ​နေတယ်​လေ။ မှတ်ဉာဏ်တစ်ချို့ပြန်ရတဲ့အခါမှာ သူ့ကို အာကာသထဲ ပို့လိုက်တာ ရည်ရွယ်ချက်တစ်ခုရှိကြောင်း သတိရသွားပါ​တော့တယ်။ The Immortal မွေးထုတ်ပေးမဲ့ စကြာဝဠာကြောင့် သောင်တင်သွားတာကိုလည်း သိသွားပါတယ်။ သူ့အတိတ်ဘဝကိုသိချင်လာပါတယ်၊ သူ့မှာဘာတာဝန်ရှိသေးလဲသိချင်လာပါတယ်။ အဲဒါတွေသိဖို့ဆိုရင် မှတ်ဉာဏ်တွေအကုန်ရဖို့လိုပါတယ်။ သူကိုယ်တိုင်က ဝိညာဉ်အပိုင်းအစမို့ ကျန်တဲ့အပိုင်းတွေလိုအပ်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့အပိုင်းက သစ်သားတာအိုဖြစ်သွားပါပြီ။ ဒါ​ကြောင့် ကျင့်ကြံခြင်းကို အဆုံးစွန်ထိ ကျင့်ပြီး စကြာဝဠာရဲ့ Will ကိုအစားထိုးချင်ယောင်ဆောင်ဖို့ကြံပါတယ်။ အဲဒီမှာပဲ စကြာဝဠာကြီးက သူ့ကိုယ်သူ အန္တရာယ်ရှိတယ်လို့ခံစားရတဲ့အတွက် ဧကရာဇ်ကြီးကို ကပ်​ဘေးကြီးထုတ်ချပါတယ်။ အဲဒီမှာ အကြီးမားဆုံးကပ်ဘေးကတော့ Wood Essence Dao Tribulation ဖြစ်ပါတယ်။ အဲ့ Wood Essence က သံချောင်းပုံစံနဲ့ သူ့နဖူးကြားကိုလာစိုက်ပါတယ်။ ဧကရာဇ်လိုချင်တာ အဲဒါပါပဲ။ အဲဒီ Wood Essence ကိုရရင် သူ့ဝိညာဉ်အပြည့်ပြန်ဖြစ်မှာပါ။ ဒါပေမဲ့ လွယ်လွယ်နဲ့မရတော့ ဖြည်းဖြည်းချင်း စုပ်ယူရပါတယ်။ အဲ့မှာ သူ့ရဲ့ဒုတိယအကြံကိုစတင်ပါတယ်။ ဧကရာဇ်ကြီးဟာ သူ့စိတ်ဝိညာဉ်ကို အပိုင်း ၁သိန်းခွဲ၊ Wood Essence ကိုလည်း အပိုင်း ၁ သိန်းခွဲပြီး စကြာဝဠာထဲ ပို့ကာ Vast Expanse Dao Domain အခု ၁ သိန်းဖြစ်တည်စေပါတယ်။ အဲ့မှာ သူ့ဝိညာဉ်တွေက Never Ending Dao Domain Emperor ( NED ) အယောက် ၁ သိန်းဖြစ်လာပါတယ်။ Wood Essence ကလည်း ဝမ်ပေါင်လဲ အယောက် ၁ သိန်းဖြစ်လာပါတယ်။ a world worth protecting(ကာကွယ်သူတို့ကမ္ဘာ)က ဇာတ်လမ်းက အဲ့တစ်သိန်းထဲက တစ်ခုမှာ အခြေခံဖြစ်တည်တာပါ။ အဲ့ NED emperor အယောက် တစ်သိန်းနဲ့ ကာကွယ်သူတို့ကမ္ဘာရဲ့ အဓိကဇာတ်လိုက် ဝမ်ပေါင်လဲ ( wood essence reincarnation ) အယောက်တစ်သိန်းက ဘယ်လိုနေနေ နောက်ဆုံးတိုက်ပွဲတိုက်ကိုတိုက်ရပါတယ်။ ဝမ်ပေါင်လဲတွေရှုံးမယ်၊ ဧကရာဇ်က wood essence ရမယ်၊ မှတ်ဉာဏ်ပြန်ရမယ်။ အဲ့လို သူကြံထားတာပါ။ * ပြဿနာနှစ်ကောင်ဖြစ်တဲ့ allheaven နဲ့ ancient က ဧကရာဇ် ကပ်ဘေးကျနေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီး ထွက်ပြေးပါတယ်။ ပြေးရင်းနဲ့ ဘာတွေ့လဲဆို​တော့ The Immortal ဖြစ်နိုင်တဲ့အခွင့်အရေးကိုပါ။ အဲဒီအတွက် အဲ့နှစ်ကောင် ချပါတယ်။ နှစ်ချီ နှစ်​မောင်းချတာ ပထမတစ်ချီ ပြီးပါတယ်။ ဒုတိယအချီ က ခုန NED Domain နဲ့ Vast Expanse Dao Domain စစ်ပွဲဖြစ်နေတဲ့အချိန်ပါ။ အဲ့စစ်ပွဲက သူတို့နှစ်ယောက်နဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ ဧကရာဇ်အတွက်ကတော့ အရေးကြီးတဲ့စစ်ပွဲပါ။ အဲဒီစစ်ပွဲကနေ Vast Expanse Dao Domain ကရှုံးမယ်။ ထွက်ပြေးမယ်။ ဝမ်ပေါင်လဲဖြစ်လာမယ်။ NED emperor က wood essence ရမယ်။ အဲ့လိုဖြစ်ရမှာကို ဟိုနှစ်ကောင်တိုက်ပွဲမှာ accident ဖြစ်သွားတယ်လေ။ အကြောင်းအရင်းက Immortal Legacy ကြောင့်လို့ပဲပြောကြပါတယ်။ ပြဿနာနှစ်ကောင်မှာ Ancient က Immortal Legacy ရပြီး Ancient Immortal ဖြစ်ချိန်မှာ allheaven က karma ကိုသုံးပြီး Ancient Immortal ကို ဝါးမြိုပါတယ်။ အဲ့တော့ ancient က‌နောက်ဆုံး နှစ်ခုပဲ လုပ်နိုင်ခဲ့တယ်။ Curse တစ်ခုရယ်၊ ဝိညာဉ်အပိုင်းအစတစ်ခုရယ်ပါ။ Curse က ancient လုံးဝသေသွားရင် allheaven ပါသေရမယ်ဆိုတာပါ။ ဝိညာဉ်အပိုင်းအစကတော့ ဟိုစစ်ပွဲရဲ့စစ်မြေပြင်ထဲကို ထွက်ပြေးသွားပါတယ်။ Allheaven တိုင်ပတ်ပါတယ်။ Curse ကြောင့် ancient ကို အပြီးအပိုင် ဝါးမြိုလို့မရဘဲ ဝိညာဉ်ပိစိလေးကို ခဏတာ လက်လွတ်လိုက်ရပါတယ်။ ဒါပေမဲ့ ဒုတိယအချီ ပြီးရင်​တော့သူပြန်ရမှာပါ။ အဲဒါမို့ အဲ့ဒီဝိညာဉ်ပိစိလေးကို သူ့ဘယ်လက်သုံးပြီး sealed ပိတ်လိုက်ပါတယ်။ အဲ့ seal ပိတ်ထားတဲ့နေရာက Stone Steel World လို့ခေါ်ပြီး ဝမ်ပေါင်လဲရဲ့ ဝတ္ထုအစတည်ရာနေရာပါ။ ပြဿနာက အဲ့လို Allheaven က ချိတ်ပိတ်လိုက်ချိန် NEDD ကိုရော Wooden Essence Nail ကိုရောပါ ရောပိတ်လိုက်မိတာပါပဲ။ အဲ့မှာတင် ဧကရာဇ်ကြီးက wooden essence အခု တစ်သိန်းရမယ့်ဟာကို တစ်ခုက သူ့ဆီရောက်မလာတော့ပါဘူး။ Allheaven ကတော့ the immortal မဖြစ်တဖြစ်အခြေအနေရောက်သွားပါတယ်။ Allheaven ဆိုတဲ့ ပြဿနာကောင်ဟာ ဖျင်ထပ်ယားပြီး ကပ်ဘေးကြောင့် အားနည်းနေတဲ့ ဧကရာဇ်ကိုထပ်ပြီးစိန်ခေါ်တယ်။ မနိုင်ပါဘူး။ အဲ့တော့မှ ကြောက်အားလန့်အားနဲ့ ကိုယ်ပွားခွဲပြီး ထွက်ပြေးခိုင်းပါတယ်။ အဲဒီကိုယ်ပွားကိုသတ်ဖို့ ဧကရာဇ်က ကြက်တူရွေးကိုလွှတ်လိုက်ပါတယ်။ ထွက်ပြေးတဲ့ allheaven clone မှာအဖော်ပါပါတယ်။ ancient immortal spiritဆိုတဲ့ မိန်းမပါ။ အဲ့မိန်းမက spell တစ်ခုသုံးပါတယ်။ အဲ့မှာတင်ပဲ သူတို့သုံးယောက်က်ဟာ မဖြစ်တည်သေးတဲ့ galaxy အစေ့ပေါ် ပြုတ်ကျပါတယ်။ allheaven က အဲ့ဂလက်ဆီရဲ့ Will ကိုအစားထိုးပြီး သတိမေ့သွားပါတယ်။ ကြက်တူရွေးလည်း အတိတ်မေ့ပြီး Lord Fifth ဖြစ်လာပါတယ် ( I shall seal the heavenဆိုတဲ့​ကောင်းကင်တံခါးက်ုငါပိတ်မယ်ဝတ္ထုထဲက မန်ဟိုကို အဆဲသင်ပေးတာ ဒီကောင်ပါ )။ ဟိုမိန်းမက Lighting Emperor အလောင်းရယ်၊ armour ရယ်နဲ့ပေါင်းပြီး Meat Jelly ဖြစ်လာပါတယ် ( မန်ဟိုကို ကပ်ဘေးတိုင်းမှာ ကယ်ပေးတာသူပေါ့ )။ အဲ့galaxyမှာ Renegade Immortal(​နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်)၊ Pursue of the the Truth(အမှန်တရားရှာပုံ​တော်)၊ I shall seal the heaven(​ကောင်းကင်တံခါးကိုငါပိတ်မယ်) ဆိုတဲ့ ဝတ္ထုသုံးခုဖြစ်လာပါတယ်။ allheaven clone က အစတုန်းကတော့ အထာကျပေမဲ့ နောက်တော့ လက်ငါးချောင်းပဲ ကျန်ပါတော့တယ်။(မြန်မာဘာသာပြန်ဝတ္ထုထဲမှာ​တော့ all heavenကို ​လောကပါလနတ်မင်းလို့ ဘာသာပြန်ကြပါတယ်) အဲ့တော့ အသက်ရှင်ဖို့ဆိုပြီး အဲ့ဂလက်ဆီထဲက ဆရာကြီးတိုင်းကိုဝါးမြိုပါတယ်။ အာကာပြင်ကျယ်ဂိုဏ်းချုပ်က နောက်ဆုံး The Ghost လမ်းစဉ်ပြောင်းကျင့်ကြံပြီး ချမှ လက်တစ်ချောင်းကိုချိုးနိုင်သွားပါတယ်။ အဲ့ဒီမှာ သူကအစွမ်းများသွားလို့ ဂလက်ဆီထဲ ပြန်မဝင်နိုင်တော့ပါဘူး။ ကျန်တဲ့လက်ချောင်းကို ကျန်တဲ့ကောင်တွေ ဝမ်လင်း(renegade immortal)တို့ဘာတို့က ဆက်ချိုးပါတယ်။ ဟိုဘက်ကိုပြန်သွားရရင် ဧကရာဇ်ကြီး ပျားတုပ်နေပါပြီ။ သူ့မှာ သစ်သားစ 99999 ခုပဲရသေးတော့ ကပ်ဘေးကမပြီးဘဲ အားနည်းနေချိန် ... ခေါင်းတလားနဲ့အလောင်းကို အစမှာလူသတ်သမားထည့်ပေးလိုက်တဲ့ curse က အစွမ်းထပြပါတယ်။ အဲ့ curse က Desire ဆိုတဲ့မိန်းမပါ။ ဧကရာဇ်ရဲ့ စိတ်ခံစားချက်ကို ဝါးမြိုအသုံးချရာမှာ ဧကရာဇ်ရဲ့ စစ်သည်တွေအကုန် ပုန်ကန်ပါတယ်။ ပြဿနာအကြီးကြီးတက်ပြီး ဧကရာဇ်ကြီးက သူ့နေရာကို အဆင့်သုံးဆင့်ခွဲ၊ ခံစားချက်တွေကို ခွဲထုတ်ပြီး သူ့လက်အောက်ခံတွေကို ခံစားချက်တာအို ကျင့်ကြံခိုင်းပါတယ်။ အဲ့လိုနဲ့ သူ့လူ​တွေကို ထိန်းပါတယ်။ Desire ဆိုတဲ့မိန်းမက သူ့ရည်းစားဖြစ်နိုင်လောက်ပါတယ်။ Brilliant Heaven Star Ring က ကိစ္စကို Er Gen က သေချာမရေးပြသေးပါဘူး။အခု ဝမ်လင်းတို့ ဝမ်ရီရီတို့ ထွက်သွားတာ အဲ့ Star Ring ဖြစ်မယ်ထင်ပါတယ်။ 10 steps ကျော်မှ သွားခွင့်ရတာမျိုးပါ။ Desire က အစွမ်းသိပ်မထက်ပါဘူး။ ခံစားချက်ပေါ်အခြေခံပြီးအသက်ရှင်နေတာ​ကြောင့်သာ သတ်ရခက်တာပါ။ ဝမ်ပေါင်လဲက ခေါင်းတလားကြီး ဒီစကြာဝဠာထဲဝင်လာချိန်ဆီ အချိန်နောက်ပြန်သွားပါတယ်။ အဲ့က Desire Curse ကိုရှာပြီး အတူသတ်သေရပါတယ်။ မဟုတ်ရင် desire ကသေမှာမဟုတ်လို့ပါ။ နောက်တော့ ဝမ်ပေါင်လဲကိုယ်ပွားကိုခေါ် နာမည်ပေးပြီး လွတ်လပ်ခွင့်ပေးလိုက်ပါတယ်။ ဆရာကြီး ဝမ်လင်းကိုအကူညီတောင်းပြီး သူနဲ့desireရဲ့ အလောင်းကို စကြာဝဠာရဲ့အဝေးဆီ လွှင့်ပစ်စေပါတယ်။ တကယ်က ဝမ်လင်းက ဧကရာဇ်ကိုချရင် နိုင်လောက်ပါတယ်။ သူက Deep Eath Star Ring မှာ ထိပ်ဆုံးမှာရောက်နေလောက်ပါပြီ။ Brilliant Heaven Star Ring အကြောင်းလဲ သူသိပါတယ်။ အဓိကက karma ကြောင့် သူတို့ကိစ္စ သူတို့ရှင်းခိုင်းတာနေမှာပါ။ Deep Eath Star Ring ကအိမ်သားစစ်စစ်မဟုတ်တဲ့အတွက် ဧကရာဇ်နဲ့ ဝမ်ပေါင်လကိစ္စကို သူဝင်မရှုပ်ခဲ့ပါဘူး။ Wang Yiyi အသက်ရှင်ဖို့ သူဝင်ရှုပ်ထားလို့သာ karma ကြောင့်ပဲ ဝမ်ပေါင်လဲကို ခဏ ကူညီပေးခဲ့တာမျိုးပါ။ ဝမ်ပေါင်လဲကိုယ်ပွားဟာ တစ်နေ့ တော့ဝမ်ပေါင်လဲအစစ်ရဲ့အလောင်းသတင်းကြားပြီး လိုက်ရှာပါတယ်။ တွေ့တော့ သူ့ကိုယ်သူပေးဆပ်ပြီး အစစ်ကို ပြန်ကယ်ပါတယ်။ မကယ်လည်းရပေမဲ့ ပြန်ကယ်တာ သူ့ရွေးချယ်မှုဖြစ်ပြီး အဲဒီလွတ်လပ်မှု ရွေးချယ်မှုကြောင့်ပဲ ဝမ်ပေါင်လဲက The Immortal စစ်စစ်ဖြစ်လာပါတော့တယ်။ AWWP(ကာကွယ်သူတို့ကမ္ဘာ) ပြီးဆုံးပါပြီ။ ဝမ်ပေါင်လဲ မိန်းမ မရလိုက်ပါ။ Wang Yiyi က နှစ်သန်းပေါင်းများစွာကတည်းက တခြား Star Ring ကိုဒိုးသွားတော့ တခြားဆရာကြီးတွေနဲ့ ကလေးတွေဘာတွေရနေလောက်ပြီ။ လောလောဆယ်တော့ အခုတင်ဆက်တဲ့ပိုင်ရှောင်ချန်းကာတွန်းကိုကြည့်ထားလိုက်ပါဦး။ ဝတ္ထုတွေရှာဖတ်ချင်ရင် ကျနော်အပေါ်မှာရေးပေးတဲ့နာမည်အတိုင်းလိုက်ရှာပါ။ ဇာတ်ကောင်နာမည်ကိုလည်း မြန်မာပြန်ဖတ်ရင်လည်မနေ‌ရအောင် ဝတ္ထုထဲကအတိုင်း ပိုင်ရှောင်ချန်းလို့ပဲရေးပေးထားပါတယ်

အပိုင်းများ

36 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 36 အပိုင်း

ဇာတ်လမ်းအကြောင်း