IMDb Rating (7.8)/Rotten Tomatoes (92%) အခု တင်ပေးတဲ့ စီးရီးထဲက မင်းသားကြီးကိုတော့ မြင်တာနဲ့ မှတ်မိကြမယ်ထင်ပါတယ်။ သူ့ကို မြင်လိုက်ရချင်းပဲ ဟာသကားလာပြီလို့ ရုတ်တရက်ထင်မိပါလိမ့်မယ်။ ဒီတစ်ခါတော့ မဟုတ်တော့ပါဘူး။ ဒီစီးရီးက ပြင်သစ်စာရေးဆရာ Georges Simenon ရဲ့ စုံထောက်ဝတ္ထုကို ဆန်းသစ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီထဲမှာတော့ Mr.Bean လို့လူသိများတဲ့ မင်းသားကြီး Rowan Atkinson က စုံထောက်ကြီး မိုင်ဂရက် အဖြစ် သရုပ်ဆောင်ထားတာပါ။ မစ္စတာဘင်းရဲ့ Maigret စီးရီးက စီစင် ၂ ခုရှိပြီး စီစင်တစ်ခုမှာ ၂ ပိုင်းပါဝင်ပါတယ်...ဆိုတော့...စုစုပေါင်း အပိုင်း(၄)ပိုင်းပဲရှိပါမယ်။ ကျွန်တော် Episode ၄ ပိုင်းလုံးကို ဒီမှာပဲ တင်ဆက်လိုက်ပါတယ်။ +++++++++++++++++++ Maigret Sets a Trap (Season-1,Episode-1) ဇာတ်လမ်းအကျဉ်းမှာတော့ ပဲရစ်မြို့ရဲ့ မွန့်မာတေး လမ်းတွေပေါ်မှာ လူသတ်မှုတွေကို တစ်ယောက်တည်းက ကျူးလွန်ခဲ့တာ ၄ မှုဆက်တိုက် ရှိလာခဲ့ပေမယ့် ၅ လကျော်လာတဲ့ တိုင်အောင် သဲလွန်စလေး တစ်ခုတောင် မရခဲ့ပါဘူး။ အဲဒီအတွက် ရဲမှုးကြီး မိုင်ဂရက်အပေါ် ဖိအားတွေ ဆက်တိုက်ကျရောက်နေခဲ့ပါတယ်။ နောက်ဆုံး ၅ ခုမြောက် အမှုမှာတော့ မိုင်ဂရက်ဟာ အကြီးအကျယ်စွန့်စားပြီး လူသတ်သမားကို ထောင်ချောက်တစ်ခု ဆင်လိုက်ပါတယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ ပထမဆုံး အနေနဲ့ သဲလွန်စတစ်ခု ရလာပေမယ့် သူ့နေရာကိုပါ အစားထိုးပစ်ခံရတော့မယ် အခြေအနေကိုပါ တစ်ဆက်တည်း ရောက်လာပါတော့တယ်။ သွေးအေး
ဇာတ်ကားကြည့်ရန်