ဇာတ်ကားများ ရွေးရန်

Welcome to Waikiki

2018ဇာတ်လမ်းတွဲအမှတ် 8.5/1065 မိနစ်

ကိုယ့်ဘဝမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်တာ​တွေပဲ အမြဲကြုံ​နေရလား၊ ကိုယ်ကြံစည်ထားသမျှ အမြဲလွဲ​ချော်​နေလား၊ ဒါဆိုရင်​တော့ ဒီဇာတ်လမ်းတွဲထဲက ဇာတ်​ကောင်​တွေက သင်တို့ကို ခပ်​​ထေ့​ထေ့​လေးကြည့်ပြီး ရယ်​နေပါလိမ့်မယ်၊ ဘာ​ကြောင့်လဲဆိုရင် သူတို့​​တွေလောက် ဘယ်သူမှ မလွဲနိုင်လို့ပါပဲ 2018မှာ JTBCက ထုတ်လွှင့်ခဲ့ပြီး တစ်ကားလုံးက အရယ်သန်သူဆို ခွက်ထိုးခွက်လန်ရယ်၊ အရယ်မသန်တဲ့သူဆို ပါးစပ်မစိနိုင်​အောင်ဖြစ်​​စေခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Welcome to Waikikiကို တင်ဆက်​ပေးလိုက်ပါပြီ "ဂင်ချားနား" တစ်ခွန်းထဲနဲ့ မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ စိတ်ပင်ပန်း​စရာ​တွေ၊ စိတ်ဓါတ်ကျစရာ​တွေများနေတဲ့ ခုလိုအချိန်မှာ စိတ်အပန်း​ဖြေဖို့၊ ဘဝကိုဟားတိုက်ရယ်​မောပစ်ဖို့ အ​​ကောင်းဆုံးဓါတ်စာဖြစ်နိုင်မယ်လို့ ​မျှော်လင့်ပါတယ် ဇာတ်လမ်းအညွှန်းက​တော့ ..... ရည်မှန်းချက်ကို မိုးထိ​အောင်ကြီးတဲ့ သူငယ်ချင်းသုံး​ယောက်ဖြစ်တဲ့ ဒါရိုက်တာရူး Dong Goo ( Kim Jung Hyun) မင်းသားရူး Jong Ki ( Lee Yi Kyung) နဲ့ စာ​ရေးဆရာပိုးထ​နေတဲ့ Doo Sik ( Son Seung Won) တို့ဟာ ကမ္ဘာလှည့်ခရီးသွား​တွေ အလည်အပတ်များတဲ့ ကိုရီးယားနိုင်ငံ အီထယ်ဝန်းအရပ်မှာ Waikiki (ဝိုင်ကီကီ) အမည်နဲ့ တည်းခိုရိပ်သာ​လေးဖွင့်ကာ အဲ့ဒီကအမြတ်အစွန်း​တွေနဲ့ ရုပ်ရှင်တစ်ကားရိုက်ပြီး "လာသွားမယ် ​ဟောလိဝုဒ် "အိပ်မက်ကို အ​ကောင်အထည်​ဖော်ချင်ကြတာပါ ဒါ​ပေမဲ့လည်း ကံဆိုးမ​နောက် လိုက်တဲ့မိုး​သာ ခမ်းသွားမှာပါ သူတို့ရဲ့ တည်းခိုခန်း​လေးကတော့ ဧည့်သည်မလာသလို သူတို့ရဲ့ မဟာရည်မှန်းချက်ကြီးကလည်း ​ပျောက်လုဆဲဆဲပါပဲ၊ အဲ့ဒီအချိန်မှာ သူတို့ရဲ့ဧည့်ရိပ်မြုံ​လေးကို Yoon Ah (Jung In Sun) လို့​ခေါ်တဲ့ တစ်ကိုယ်​တော်မိခင်တစ်​​ယောက် ထူးထူးဆန်းဆန်း ​ရောက်ရှိလာတဲ့အခါ အစကတည်းကလွဲ​နေ​တဲ့ဘဝ​တွေက ဘယ်​လောက်ထိဆက်ပြီးလွဲချော်​ကြဦးမလဲဆိုတာကို အပိုင်းတိုင်းမှာ အစအဆုံး ဝါးလုံးကွဲရယ်​မောရင်း ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်တွေကတော့ JimX, Amelia, Shwe Pyae, Thet Hnin Hsu, Kim Khin Hana, Eain Lay, Milkeux တို့ပဲ ဖြစ်ကြပါတယ်။ Episodes: 20 Genre: Comedy, Drama Duration: 1 hr. 5 min. Quality: 720p Size: 500MB Subtitle: Myanmar (Hardsub) Translators: JimX, Amelia, Shwe Pyae, Thet Hnin Hsu, Kim Khin Hana, Eain Lay, Milkeux Encoder: August

အပိုင်းများ

36 အပိုင်း၊ season 2 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း