ဆရာမကစာသင်ချိန် ပြီးတော့အခန်းထဲက မထွက်ခင်ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ရင်တထိတ်ထိတ် နဲ့ ဆရာမ အနားရောက်သွားတော့မှ ဆရာမက ခပ်တိုးတိုးနဲ့၊ “ မောင်ဇော်....ညနေကျရင် ဆရာမကိုစောင့်ပါ။အမှတ်ခြစ်စရာတွေ အိမ်ကိုပြန်သယ်ရမှာ နဲနဲလေးနေလို့။ ” “ သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာမ။ ” ဒီဇာတ်ကားကတော့ မောင်ဇော်ချစ်သောဆရာမ ဆွီဒင်ဗားရှင်းပါပဲ...။ ဆွီဒင်နိုင်ငံ တောင်းပိုင်းကမယ်လ်မိုဆိုတဲ့ နယ်မြို့လေးတစ်ခုမှာ စတစ်ဂ်ဆိုတဲ့ ၁၅ နှစ်အရွယ်ကျောင်းသားလေးရှိပါတယ်။ ကလေးမကလူကြီးမကျ စကောစကအရွယ်၊စတစ်ဂ်အပါအဝင် သူ့နဲ့အတန်းဖော်တွေဟာ တစ်ခါတစ်လေကလေးတွေလိုကစားကြ ပေါက်ကရတွေလုပ်ကြပြီး တစ်ခါတစ်လေကျတော့လဲ လူကြီးတွေလိုကစားကြပေါက်ကရတွေလုပ်ကြပါတယ်(တစ်ယောက်ဟာတစ်ယောက်ပေကြိုးနဲ့ တိုင်းပြီးလောင်းကြေးထပ်တာတို့ဘာတို့) တစ်နေ့မှာတော့ သူတို့အတန်းကိုအတန်းပိုင်ဆရာမ လှလှကြီးတစ်ယောက်ပြောင်းလာပါတယ်။ လှလဲလှပြီး အသက်လဲကြီးလို့ပါ။ စတစ်ဂ် အမေနဲ့ရွယ်တူလောက်ဆိုပေမယ့် နုပျိုလှပတဲ့ ဆရာမဟာ စတစ်ဂ်ကိုချစ်စနိုးစနောက်တယ်။ ရင်းရင်းနှီးနှီးဆက်ဆံတယ်။ ဆရာမယောက်ျားဟာအရက်စွဲတစ်ချိန်လုံးမူးရူးနေတဲ့သူ အိမ်မှာအနေနည်းတဲ့သူဖြစ်ပါတယ်။ သွေးသားဆန္ဒလိုအပ်ချက်တွေ လျာထားချက်ပြည့်မှီပုံမရတဲ့ ဆရာမနဲ့၊ ဒီလိုကိစ္စမျိုးတွေစိတ်ဝင်စားကာစ ရမ္မက်ရာဂတွေဆူဖြိုးလျှံကျနေတဲ့ မနူးမနပ်ကလေးစတစ်ဂ်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်စွာပဲ ဇာတ်လမ်းစခဲ့ကြပါတော့တယ်။ ကမ္ဘာကြီးဟာ သူတို့နှစ်ယောက်တည်းနဲ့ဖွဲ့စည်းထားတ
ဇာတ်ကားကြည့်ရန်