ဒီကားလေးက bollywood မင်းသား ဆလက်မန်ခမ်း ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းမှာတော့ ရိုင်နာဆိုတဲ့ မင်းသမီးဟာ သူမအဖေ၏ စကားအရ လူတစ်ဦးနဲ့သွားရောက်ဖို့အကြောင်းဖန်လာပါတယ် ထိုသူသည်ရဲအရာရှိတစ်ဦးဖြစ်၍ နာမည်ကျော် လူဆိုးဖမ်းအရာရှိတစ်ဦးလည်းဖြစ်သည် ရှိုင်နာ နဲ့ ထိုရဲအရာရှိတွေ့ဆုံပြီး လက်ထပ်ဖို့ ကိစ္စ ဆွေးနွေးရမည်ဖြစ်သော်လည်း အတိတ်ဇာတ်လမ်းကိုသာ ပြောဖြစ်ခဲ့ကြသည် ရိုင်နာ၏ အတိတ်မှာတော့ မေ့မရခဲ့တဲ့ချစ်သူ ရှိခဲ့ကြောင်း ပြောပြခဲ့သည်။ သူ၏ အမည်မှာဒေးဗစ်ဆင်းဂ် ဖြစ်သည်။ သူသည် လူအများအား စနောက်သန်သူဖြစ်၍ ကူညီတတ်သူလည်းဖြစ်သည်။ တစ်နေ့မှာ သူမ၏အဖေနှင့် တွေ့ပြီးအပြန် သူမက အလုပ်လုပ်ရန်တိုက်တွန်းလေသည်။ ထိုအခါ ပျော်စရာဘဝနှင့် လူတို့အပြုံးသာလိုလားသော သူတစ်ပါးအားအောက်မကျို့သော ဒေးဗစ်ဆင်းဂ် တို့စကားအနည်းငယ်များပြီး ဒေဗစ်ဆင်းဂ်မှာ ရှိုင်နာနှင့် အဆက်အသွယ်မရှိတော့ပေ။ အရာရှိမှာလည်း သူ့ဘဝတွင်မေ့မရတဲ့ လူတစ်ဦးရှိကြောင်း၊ထိုသူသည် ဒီးဗဲလ်သူခိုးတစ်ဦးဖြစ်၍ ထိုသူသည် ကြိုတင်အသိပေးပြီးမှခိုးယူသူဖြစ်ကြောင်း၊ မျက်နှာဖုံးတစ်ခုအားကာဗာယူ ခိုးသူတစ်ဦးလည်းဖြစ်၍ ထိုသူအားလည်းမမြင်ဖူးကြောင်း မည်သို့ပင်ဆိုစေ ထိုသူအား ဖမ်းမိရန်မိမိမှာ တာဂန်အပြည့်ရှိကြောင်း ရိုင်နာအားပြောပြခဲ့လေသည်။ သူတို့နှစ်ဦး အိမ်ပြန်လမ်းလျှောက်ခရီး တွင် လူတစ်ဦးက သူသိလိုသော လိပ်စာအား ရှိုင်နာအား လာမေးရာ ထိုသူသည် ဒေးဗစ်ဆင်းဂ် ဖြစ်ေသော်လည်း ရှိုင်နာအား မသိသလို
ဇာတ်ကားကြည့်ရန်