အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ဘဝလေး ရုတ်တရက် ပျက်စီးသွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်ဘဝဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ခံယူလိုက်ရင် ဘာတွေဖြစ်မလဲ။ ရောဘင်ဟာ သူ့ဇနီးရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ခရီးလှည့်လည်ထွက်ရင်းနဲ့ ရုတ်တရက် ပိုလီယိုရောဂါပိုးကူးစက်ခံရပါတယ်။ သူဟာ လည်ပင်းအောက်ပိုင်း လုံး၀ မလှုပ်နိုင်တော့ပဲ လေဖြတ်ခဲ့ပါတယ်။ ေ နာက်ပိုင်း သူဟာ စိတ်ကျရောဂါပါ ခံစားလာရတယ်။ ရောဘင့်ရဲ့ မှောင်မိုက်နေတဲ့ ဘဝကို အလင်းထဲ သွင်းပေးခဲ့တာကတော့ သူ့ချစ်ဇနီး ဒိုင်ယာနာပါပဲ။ ဒိုင်ယာနာဟာ သူ့ခင်ပွန်းကို ဒီလို ခံစားနေရတာ မကြည့်ရက်လို့ သက်သာရာ သက်သာကြောင်းကူညီပေးရင်း အရာရာကို စိန်ခေါ်ခဲ့ပါတယ်။ သူ့ယောင်္ကျားကို ဆေးရုံက ရအောင်ဆင်းခဲ့ပါတယ်။ (အဲ့ခေတ်က ပိုလီယိုရောဂါသည်တွေက ဆေးရုံက အသက်ရှူစက်တပ်ထားတဲ့အတွက် ဆေးရုံကုတင်က ရွေ့လို့မရပါဘူး။) ရောဘင့်အတွက် အဆင်ပြေမယ့် အသက်ရှူစက်ကိုပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲသူတို့ဇနီးမောင်နှံနဲ့ သူငယ်ချင်းများပေါင်းပြီး ရောဘင့်အတွက် အဆင်ပြေမယ့်အရာတွေ တစ်ခုပြီးတစ်ခု တိုးတက်တီထွင်ခဲ့ပါတယ်။ တဖြေးဖြေး နောက်ပိုင်းမှာ ရောဘင့်အတွက်သာမက တစ်ခြား ပိုလီယိုရောဂါသည်တွေပါ အသုံးပြုနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရောဘင်ဟာ ပိုလီယိုရောဂါရှင်များရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကား တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရောဘင်ကာဗန်ဒစ်ရှ်ရဲ့ဘဝဖြစ်ရပ်ကို ပုံဖော်ထားပြီး ကိ
ဇာတ်ကားကြည့်ရန်