ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ။ ၁၉၈၃ ခုနှစ် နိုဝင်ဘာလ။ စီးပွားရေး မပြေလည်တဲ့ သာမန်သူငယ်ချင်းတစ်စုက ရာစုနှစ်အတွင်း အကြီးကျယ်ဆုံး ပြန်ပေးဆွဲမှုကို ကျူးလွန်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဓါးစာခံကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဟိုင်နီကန်ဘီယာ အုပ်စုရဲ့ အုပ်ချုပ်သူအကြီးအကဲ ဖရက်ဒီ ဟိုင်နီကန် ပဲဖြစ်ပါတယ်။ အမ်စတာဒမ်မြို့ ရဲ့ လမ်းလည်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီ ပြန်ပေးဆွဲမှု အတွက် ပြန်ရွေးရန် တောင်းဆိုငွေက ဥရောပငွေ ယူရို ၁၆သန်းခန့် ဖြစ်ပြီး လူတစ်ဦးထဲကို ပြန်ပေးဆွဲမှု ဖြစ်စဉ်အားလုံးမှာ ပြန်ရွေးရငွေ အမြင့်ဆုံးသော အမှု ဖြစ်ပါတယ် ။ ဇာတ်လမ်းအစမှာ စီးပွားရေးမပြေလည်တဲ့ ကိုဗန်ဟောက် (Cor Van Hout) ၊ ဝီလီယမ် ဟိုလီဒါ (Willem Holleeder) စတဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်း ၅ယောက်ဟာ ဘဏ်တစ်ခုကို သွားပြီး ငွေချေးပါတယ် တစ်ခုထဲသော အာမခံအဖြစ်ထားနိုင်တဲ့ သူတို့ ပိုင်တဲ့ မြေက ကျူးကျော်တွေ နေထိုင်တဲ့ အတွက် ဘဏ်က ငြင်းလိုက်ပါတယ် ။ နောက်ဆုံးမှာတော့ ဗန် ရဲ့ အကြံအတိုင်း သူတို့ရဲ့ ငွေကြေးအကြပ်အတည်းကို ပြန်ပေးဆွဲခြင်းဖြင့် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ ဟိုလီဒါ က ပြန်ပေးဆွဲတဲ့အခါ ရာဇဝင်လူဆိုးဂိုဏ်းကြီးတွေနည်းတူ လက်နက်ကိရိယာတွေ ဆက်သွယ်ရေး ပစ္စည်းတွေ သုံးနိုင်မှ ရဲတွေကို ခြေရာဖျောက်နိုင်မှာ ဖြစ်တဲ့အတွက် ပြန်ပေးဆွဲနိုင်ဖို့ လုံလောက်တဲ့ငွေ အရင်ရှာဖို့ အကြံပေးပြန်တဲ့အခါ ဘဏ်ငွေသိမ်းတဲ့ကားကို ဓါးပြတိုက်ပြီး ပြန်ပေးဆွဲနိ
ဇာတ်ကားကြည့်ရန်