Crazy Old Lady (2025) +++++++++ ၂၀၂၅ မှာ ထွက်ရှိထားတဲ့ Vieja Loca (အင်္ဂလိပ်လို Crazy Old Lady) ရုပ်ရှင်ဟာ Horror နဲ့ Psychological Thriller ကြိုက်တဲ့သူတွေအတွက် တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Pedro ဆိုတဲ့ အမျိုးသားတစ်ယောက်ဆီကနေ စတာပါ။ တစ်နေ့မှာ သူ့ရဲ့ရည်းစားဟောင်းဆီကနေ အကူအညီတောင်းတဲ့ ဖုန်းတစ်ခုရလာတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့အမေ Alicia ဟာ အသက်ကြီးပြီး သတိမေ့တတ်တာကြောင့် တစ်ယောက်တည်း ထားလို့မရလို့၊ ခဏလောက် သွားကြည့်ပေးပါဆိုပြီး အကူအညီတောင်းတာပါ။ Pedro လည်း လူနာသွားကြည့်သလိုပဲ ခဏဆိုပြီး သွားလိုက်တာပေါ့။ ဒါပေမဲ့ အဲဒီ အိမ်ကြီးထဲကို သူရောက်သွားတဲ့အချိန်ကစပြီး သူ့ဘဝရဲ့ ငရဲခန်းက စတော့တာပါပဲ။ Alicia က သူ့ကို သာမန် လူတစ်ယောက်လို မဆက်ဆံတော့ဘဲ သူ့ရဲ့ အတိတ်က ရန်ငြိုးရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်တဲ့ César နဲ့ မှားပြီး ပိတ်လှောင်ထားပါတော့တယ်။ ဒီကားက သရဲထွက်တာမျိုးထက် လူကပဲ လူကို နှိပ်စက်တဲ့ ပိတ်မိနေတဲ့ခံစားချက်ကို ပေးပါတယ်။ Misery ကားထဲကလိုမျိုး အဘွားကြီးက သူ့ကို အပြင်ထွက်မပေးဘဲ ညှဉ်းပန်းနှိပ်စက်တာတွေကို မြင်ရမှာပါ။ Alicia က ဘာလို့ ဒီလိုဖြစ်နေတာလဲဆိုတာ ဇာတ်လမ်းနောက်ပိုင်းမှာ အာဂျင်တီးနားနိုင်ငံရဲ့ အတိတ်က ဖြစ်ရပ်တွေ၊ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းလာတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြသွားတာက တော်တော်လေး လေးနက်ပါတယ်။ Alicia အဖြစ်
ဇာတ်ကားကြည့်ရန်