The Devil Within (2026) ++++++++++ သားဖြစ်သူ Gabriel ပျောက်ဆုံးသွားခဲ့တဲ့စိတ်ဒဏ်ရာဆိုးကြီးကြောင့် စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့ Alicia (Marina Salas) ဟာ ခရီးသွားစခန်းချလာတဲ့ ပြင်သစ်ကောင်လေး Philippe ကို တွေ့လိုက်ရချိန်မှာ သူ့သားအရင်းလို အစားထိုးမြင်ယောင်လာခဲ့ပါတယ်။ ဒီစွဲလန်းမှုကနေတစ်ဆင့် Philippe ကို မိဘတွေဆီကနေ ခိုးယူ/ပြန်ပေးဆွဲဖို့အထိ စိတ္တဇဆန်ဆန် စတင်ကြိုးစားလာခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ စိတ်ဝေဒနာနဲ့ ပျောက်ဆုံးသွားတဲ့သားအပေါ်ထားတဲ့ နောင်တတွေကြောင့် Miguel (Tamar Novas) ဟာ ဒီဒုစရိုက်ထဲမှာ မဖြစ်မနေ ပါဝင်ပတ်သက်မိသွားပါတယ်။ Philippe ရဲ့ မိဘတွေက ကလေးကို ပြန်လိုက်ရှာရာကနေ Los Monegros ရဲ့ ပူပြင်းခြောက်သွေ့လှတဲ့ သဲကန္တာရဆန်ဆန်ရှုခင်းကြီးထဲမှာ သွေးထွက်သံယို အသက်လုပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ လွန်ကဲလာပြီးနောက်မှာတော့ Philippe ဟာ သူတို့ရဲ့ သားဖြစ်သူမဟုတ်ဘူးဆိုတဲ့ ခါးသီးလှတဲ့အမှန်တရားကို ရင်ဆိုင်လိုက်ရပါတယ်။ Alicia နဲ့ Miguel တို့ဇနီးမောင်နှံဟာ အတိတ်က စိတ်ဒဏ်ရာကို မကျေအေးနိုင်ဘဲ အမှားတစ်ခုကို အမှားတစ်ခုနဲ့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြရင်း အဆုံးသတ်မှာတော့ မကောင်းမှုဒုစရိုက်ရဲ့ အကျိုးဆက်တွေ၊ အကြမ်းဖက်မှုတွေနဲ့အတူ သူတို့ရဲ့ဘဝတစ်ခုလုံး အဖတ်ဆယ်မရအောင် ပြာကျပျက်စီးသွားခဲ့ရပါတယ်။ ရုပ်ရှင်ရဲ့ နိဂုံးဟာ Los Monegros ဒေသရဲ့ ခြောက်ကပ်ပြီး သက်ရှိမဲ့နေတဲ့ ပတ်ဝန်းကျင်လိုပါပဲ - "အတိတ်က အမှားနဲ့ န
ဇာတ်ကားကြည့်ရန်