ဇာတ်ကားများ ရွေးရန်

Tin & Tina

2023ဇာတ်ကားအမှတ် 6.1/10119 မိနစ်

အဒေါ့ဖိုနဲ့ လိုလာတို့ လင်မယားဟာ ခရစ်ယာန်သီလရှင်တွေ ဖွင့်ထားတဲ့ မိဘမဲ့ကျောင်းကနေ ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့မွေးစားလာတဲ့ တင်နဲ့ တီနာတို့ မောင်နှမနှစ်ယောက်က ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ် ယုံကြည်မှု အလွန်ပြင်းထန်ကြတယ်။ ကျမ်းစာထဲမှာ ပါသမျှကိုလည်း တစ်ဖက်စွန်းရောက်တဲ့အထိ အလေးအနက် လိုက်နာကျင့်သုံးကြတာပါ။ ဒီကလေးတွေကို အိမ်ခေါ်လာတဲ့ ဆုံးဖြတ်ချက်က မကြာခင်မှာပဲ လင်မယားနှစ်ယောက်အတွက် နောင်တရစရာ ဖြစ်လာပါတယ်။ ကလေးတွေရောက်လာပြီး သိပ်မကြာခင်မှာ လိုလာမွေးထားတဲ့ ခွေးကြီးဟာ ဗိုက်ပွင့်လျက် သေဆုံးသွားတယ်။ ကျောင်းမှာ သူတို့ကို အနိုင်ကျင့်တဲ့ ကောင်လေးတစ်ယောက်လည်း သေသွားပြန်ပါတယ်။ တင်နဲ့ တီနာတို့က လိုလာ့ခေါင်းကို အဝတ်နဲ့အုပ်ပြီး အသက်ရှူကျပ်အောင် လုပ်တဲ့အထိ ဖြစ်လာတယ်။ နောက်တော့ ကိုယ်ဝန်ရှိနေတဲ့ လိုလာ့ကို ကုတင်ပေါ်မှာ ကြိုးနဲ့ချည်၊ ခြေအတုကို ဖြုတ်ယူပြီး ဗိုက်ထဲကို ဆေးထိုးအပ်နဲ့ ထိုးဖို့တောင် ကြိုးစားကြပါတယ်။ သူတို့က ဒါတွေကို ရယ်စရာတစ်ခုလို လုပ်နေကြပေမယ့် လိုလာကတော့ အသည်းအသန် ကြောက်နေပါပြီ။ အဒေါ့ဖိုကတော့ ဖြစ်ခဲ့သမျှကို မတော်တဆမှု ဒါမှမဟုတ် အမှားတစ်ခုလို့ပဲ သဘောထားပြီး ကလေးတွေကို အပြစ်မတင်ဘူး။ ခရစ်ယာန်ဘာသာရေးကို အစွန်းရောက်စွာ ယုံကြည်မှုရဲ့ အကျိုးဆက်တွေကို အခြေခံထားတဲ့ စပိန် စိတ်ပိုင်းဆိုင်ရာသည်းထိတ်ရင်ဖိုနဲ့ ထိတ်လန့်ဇာတ်ကားပါ။ အဒေါ့ဖိုထင်သလို ကလေးတွေက တကယ်ပဲ အပြစ်ကင်းကြသလား၊ မကောင်းတဲ့အဖြစ်အပျက်တွေ ဘယ်လိုပေါ်လာတာလဲ၊ တင်နဲ့ တီနာတို့ကို ဘယ်လိုရပ်တန့်နိုင်မလဲဆိုတဲ့ မေးခွန်းတွေ ကျန်နေပါတယ်။

ဇာတ်လမ်းအကြောင်း