ဇာတ်ကားများ ရွေးရန်

Wolf Mountain

2022ဇာတ်ကားအမှတ် 2.7/1094 မိနစ်

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ဝံပုလွေတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ ဇနီးမောင်နှံရဲ့သားက Aj ပါ။ အခုအချိန်အထိ သူ့ကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတွေထဲမှာ အဖေနဲ့အမေကို ဝံပုလွေလူသားတစ်ယောက်က တောင်ပေါ်ကနေ တွန်းချနေတာကို ထပ်ခါထပ်ခါ မြင်နေရတယ်။ ဒီအိပ်မက်တွေကြောင့် စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ကုသနေရပြီး ပိုပြီးရှင်းရှင်းလင်းလင်း သိချင်ရင် ဖြစ်ရပ်ဖြစ်ခဲ့တဲ့တောင်ကို တစ်ခေါက်ပြန်သွားဖို့ ဆရာဝန်က အကြံပေးလိုက်ပါတယ်။ မိဘတွေဆုံးပြီးကတည်းက Aj ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့သူက မိဘတွေ မွေးစားထားတဲ့ အစ်ကို Max ပါ။ အခုတော့ Aj ဟာ ဇနီး Sam နဲ့အတူ မိသားစုလေးတစ်ခု ရတော့မယ့်အချိန်ကို ရောက်နေပြီ။ ဒါပေမဲ့ အိပ်မက်ဆိုးတွေကနေ လွတ်မြောက်ချင်တာကြောင့် ဝံပုလွေတောင်ဆီ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ Sam နဲ့ Max ကလည်း အတူလိုက်မယ်ဆိုလို့ နောက်ဆုံးမှာ Aj တို့ဇနီးမောင်နှံ၊ Max တို့ဇနီးမောင်နှံနဲ့ ညီမ Emma တို့ချစ်သူနှစ်ယောက် စုစုပေါင်းခြောက်ယောက် ခရီးထွက်လာကြပါတယ်။ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေတဲ့တောင်ပေါ်မှာ သူတို့ အဆင်ပြေပြေ ခရီးဆက်နိုင်ပါ့မလား။ Aj အိပ်မက်ထဲမှာ မြင်နေရတဲ့ ဝံပုလွေလူသားကရော အပြင်မှာ တကယ်ရှိနေတာလား၊ အခက်အခဲတွေ ကြုံလာရင် သူတို့အဖွဲ့ လွတ်မြောက်နိုင်ကြပါ့မလား။

ဇာတ်လမ်းအကြောင်း