King
လေဆိပ်တစ်ခုကနေ ခြင်္သေ့ပေါက်လေးတစ်ကောင် လွတ်သွားလို့ ရဲတွေ လိုက်ရှာနေကြပါတယ်။ အန္တရာယ်ရှိတာကြောင့် အနားမကပ်ကြဖို့လည်း သတိပေးထားကြတယ်။ အဲဒီခြင်္သေ့လေးကတော့ Inès နဲ့ Alex တို့ မောင်နှမနှစ်ယောက်ရဲ့ အိမ်ထဲကို ရောက်လာပါတယ်။ Inès ဟာ အမေဆုံးသွားပြီးနောက် မိထွေးက ကောင်းကောင်းဆက်ဆံပေးပေမယ့် အထီးကျန်နေတတ်တဲ့ ကလေးမလေးပါ။ မောင်နှမနှစ်ယောက်ထဲမှာ အငယ်ဖြစ်ပေမယ့် တွေးတတ်ခေါ်တတ်ရှိပြီး ထက်မြက်တယ်။ ခြင်္သေ့လေးကို မြင်ကတည်းက ချစ်သွားပြီး King လို့ နာမည်ပေးလိုက်ပါတယ်။ အစ်ကို Alex ကတော့ အကျိုးဆက်ကို မစဉ်းစားဘဲ King နဲ့ ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်လိုက်ရာက လူအများကြား ပျံ့သွားပါတော့တယ်။ အဲဒီနောက် မောင်နှမနှစ်ယောက်က King ကို သူ့သဘာဝအတိုင်း လွတ်လွတ်လပ်လပ် နေနိုင်အောင် တောထဲပြန်လွှတ်ပေးဖို့ ကြိုးစားကြပါတယ်။ ပြင်သစ်ကနေ အာဖရိကအထိ သွားရမယ့် ဒီခရီးမှာ ခြင်္သေ့လေးနဲ့အတူ သူတို့ ဘယ်လိုရုန်းကန်စွန့်စားကြရမလဲဆိုတာကို ပြထားတဲ့ ပြင်သစ်မိသားစုစွန့်စားခန်း ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း