"တစ်ညတာမှ တစ်သက်စာ" (၂၀၂၆) "အချစ်ဆိုတာ Product တစ်ခုကို Develop လုပ်ရသလိုပါပဲ... အကောင်းဆုံးရလဒ်ကိုရဖို့ အကြိမ်ကြိမ်အခါခါ စမ်းသပ်မှုတွေ လုပ်ဖို့လိုပါတယ်" ကဲ... BL ဖန်တွေ၊ အထူးသဖြင့် ရုံးတွင်းအချစ်ဇာတ်လမ်း (Office Romance) နဲ့ Enemies to Lovers Vibe လေးတွေကိုမှ ကြွေပါတယ်ဆိုတဲ့ အသဲတွေအတွက် အသစ်စက်စက် Thai-Korean ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ လွတ်လွတ်လပ်လပ်နေတတ်ပြီး One-night stand တွေကိုပဲ ခုံမင်တဲ့ Product Developer လေး ချက်နဲ့ သူ့ရဲ့ မန်နေဂျာအသစ်လေး ဆွန်အူးတို့ကြားက အရှုပ်တော်ပုံကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစကတော့... ချက်တစ်ယောက် ညဘက်မှာ ခပ်မိုက်မိုက်အဆင်လေးတစ်ပွေနဲ့ ငြိစွန်းပြီး ကြယ်တွေစုံတဲ့ ညတစ်ညကို ဖြတ်သန်းခဲ့ရာကနေ စတာပါပဲ။ မနက်မိုးလင်းတော့ "မင်းလမ်းမင်းသွား ငါ့လမ်းငါသွား" ဆိုပြီး လမ်းခွဲခဲ့ကြပေမဲ့... ကံတရားက မျက်လှည့်ပြလိုက်တဲ့အခါမှာတော့... ချက်ရဲ့ ရုံးကို မန်နေဂျာအသစ် ရောက်လာပြီး ဖြစ်ချင်တော့ အဲဒီမန်နေဂျာက တခြားသူမဟုတ်ဘဲ မနေ့ညကမှ သူနဲ့ အိပ်ရာပေါ်မှာ အပီအပြင် နွှဲခဲ့တဲ့ ဆွန်အူး ဖြစ်နေတာပါပဲ။ "တစ်ညတာ အချစ်" လို့ ထင်ခဲ့တဲ့ ဆက်ဆံရေးကနေ ရုံးခန်းထဲက "ပြိုင်ဘက်" တွေအဖြစ် ပြောင်းလဲသွားတဲ့အခါ... အထက်လူကြီးဆိုပြီးတော့လည်း အလျှော့မပေးချင်... ညက ကိစ္စတွေကလည်း ခေါင်းထဲက မထွက်နဲ့ ချက်တစ်ယောက် ဘယ်လိုတွေ ဗျာများမလဲ။ ဆွန်အူးကရော သူ့ရဲ့ ဝန်ထမ်းကောင်လေးကို ဘယ်လိုတွေ အပိုင်ကိုင်မလဲ။ သူတို့နှစ်ယောက်ကြားက ငြင်းဆန်လို့မရတဲ့ ခံစားချက်တွေနဲ့ အထင်လွဲမှုတွေကြားမှာ ဘယ်လို ချိုမြိန်တဲ့ ရိုမန့်စ်တွေ၊ ဟာသအလွဲတွေ ဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုလိုက်ကြပါဦးစို့။
ဇာတ်ကားကြည့်ရန်