Life of Crime
ရာဇဝတ်သားနှစ်ယောက်က အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့ ဇနီး မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြပါတယ်။ မစ်ကီကိုယ်တိုင်တောင် မသိတဲ့ ဖရန့်ခ်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားကြတော့ သူ့မိန်းမကို ဖမ်းပြီး ငွေညှစ်ရင် အလွယ်တကူ ပိုက်ဆံရမယ်လို့ တွက်ထားကြတာပါ။ သူတို့မသိထားတာက ဖရန့်ခ်မှာ မယ်လနီဆိုတဲ့ အငယ်အနှောင်းရှိနေပြီး မစ်ကီကို ကွာရှင်းဖို့တောင် စီစဉ်ထားပြီးပြီဆိုတဲ့ အချက်ပဲ။ တကယ်တမ်း မစ်ကီကို ပြန်ပေးဆွဲလိုက်ချိန်မှာတော့ ဖရန့်ခ်က သူ့မိန်းမကို ပြန်ရဖို့ ဒေါ်လာတစ်သန်း ပေးမယ့်စိတ်ကူး မရှိပါဘူး။ မယ်လနီမှာလည်း သူ့အကြံအစည်နဲ့သူ ရှိနေသေးတယ်။ အလွယ်တကူ ငွေရမယ်ထင်ထားတဲ့ ပြန်ပေးသမားနှစ်ယောက်ဟာ မစ်ကီကို ဖမ်းထားပြီးမှ မမျှော်လင့်တဲ့အခက်အခဲတွေ၊ အလွဲတွေနဲ့ ရင်ဆိုင်ရတော့တယ်။ တစ်ဖက်မှာလည်း ဖရန့်ခ်က ကြံရာမရ ဖြစ်လာပါတယ်။ Tim Robbins နဲ့ Jennifer Aniston တို့ အဓိကပါဝင်ထားတဲ့ ရာဇဝတ်မှုဟာသဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း